မိုးကာလတွင် စိုက်ပျိုးရန် ပျိုးပင် တစ်သောင်းကျော် ပြုစုထား

ချောင်းဆုံ မတ်

မိုးကာလတွင် ဒေသအတွင်း စိုက်ပျိုးနိုင်ရန်ပျိုးပင် ၁၀၀၀၀ ကျော်ကိုပျိုးထောင် ထားပြီးဖြစ်ကြောင်း ချောင်းဆုံမြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။

“လာမဲ့မိုးကာလမှာဒေသမှာစိုက်ပျိုးနိုင်ဖို့ အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်တယ် ။ကျွန်း ၊ မဟော်ဂနီ ၊ မန်ဂျန်ရှား ၊ စားကုက္ကို ၊ မဲဇလီစုစု ပေါင်း အပင် ၁၀၀၀၀ ကျော်ကို မြို့နယ်သစ်တောဦးစီးဌာနသစ်တောပျိုးဥယျာဉ်မှာ ပျိုးထောင်ထားပြီးဖြစ်တယ်”ဟု တောအုပ်ဦးစိုးသန်းက ဆိုသည်။

ပင်လယ်ကမ်းနားကျေးရွာများရှိဒီရေကာကွယ်တောများ ၊ အစုအဖွဲ့ပိုင်စိုက်ခင်းများကိုဖြန့်ဝေပေးနိုင်ရန်အတွပ်လည်း တမှဲ့ ၊ အိမ့်မသွယ် ၊ ဗျူး ခြေထောက် အပင်တို့ကိုလည်းပျိုးထောင်ထားပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ချောင်းဆုံမြို့နယ်တွင် ရာဘာပင်အိုများကိုရှင်းလင်းသူအချို့မှာ အစားထိုးစိုက်ပျိုးပင်များဖြင့် မန်ဂျန်ရှား ၊ မဟော်ဂနီတို့ကို စတင်စမ်းသပ်စိုက်လာ သူများလည်း ရှိလာကြောင်း ဒေသခံ ဦးတင်ဝေကပြောသည်။

ချောင်းဆုံမြို့နယ်တွင် မိုးကာလ၌နှစ်စဉ်နှစ်တိုင်း ကျေးရွာချင်းဆက်လမ်း ၊ ကွင်းကူးလမ်း ၊ စာသင်ကျောင်း ၊ ဆေးရုံ ၊ဆေးခန်း ကျေးရွာမြေလွတ်မြေလတ်များ တွင် သစ်ပင်များစိုက်ပျိုးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ချောင်းဆုံမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာရင်ခတ်၊မြယာ၊ဘန့်ဘွေး၊ဒီဒူး၊လက်ပံ၊အနန်း၊သပြေ၊သဖန်း၊စစ်၊သက်ရင်းစသည့်အပင်များဖြစ်သည်။သဘာဝပတ်ဝန်းကျင်လက်ရှိအခြေအနေမှာသစ်တောဖုံးလွှမ်းမှုဧရိယာ ၀ ဒသမ ၆၃ ရာခိုင်နှုန်း ရှိပြီး သစ်တောကြိုးဝိုင်း မရှိပေ။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်