Advertisements

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

၁၄ မတ် ၂၀၁၉

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Chakma Autonomous District Council နယ်မြေအတွင်း ပြီးခဲ့သည့် မတ်လ ၁၁ ရက်က ဒေသခံတစ်ဦး တောထွက်ရင်း မြေမြှုပ်မိုင်းနင်းမိကာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Bangdukbanga ကျေးရွာတွင်နေထိုင်သူ Biranda Kumar နှင့် သူငယ်ချင်းများ တောထွက်ရင်း ယခုလို မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် အဖြတ်ခံလိုက်ရကြောင်း လောင်တလိုင်မြို့တွင်နေထိုင်သူ B.John က ပြောသည်။

“တောမှာ အစာထွက်ရှာရင်း နင်းမိတာပါ။ အင်အားသိပ်မပြင်းတော့ တစ်ဦးပဲ ဒဏ်ရာပြင်ထန်းစွာရတယ်။ ဆေးရုံမှာ ခြေထောက်တစ်ဖက်ဖြတ်ခံလိုက်ရတယ်” ဟု ၎င်းကပြောသည်။

Advertisements

အဆိုပါ မြေမြှုပ်မိုင်းမှာ မည်သူမည်ဝါထောင်ထားသော မြေမြှုပ်မိုင်းဖြစ်သည်ကို မသိရသော်လည်း အခင်းဖြစ်ပွားသည့်နေရာဒေသသည် ယခင်က Arakan Lebration Party ခြေကုပ်ယူထားသော နေရာဖြစ်သည့်အတွက် ALP ထောင်ထားခဲ့သော မြေမြှုပ်မိုင်းဖြစ်နိုင်ကြောင်း B.John က ယခုလို ပြောပါသည်။

“အခုနင်းမိခဲ့သည့် မြေမြှုပ်မိုင်းက အင်အားသိပ်မပြင်းဘူး။ တော်တော်ကြာနေပြီဖြစ်နိုင်တယ်။ အခင်းဖြစ်သွားတဲ့နေရာဒေသဟာ ယခင်က ALP အဖွဲ့ စခန်းချတဲ့နေရာတွေဖြစ်တယ်။ သူတို့ရှိတုန်းကလည်း မကြာခဏဆိုသလို နင်းမိကြတယ်၊ ဒါကြောင့် ယခုဟာလည်း အရင်က ALP ထောင်ထားတဲ့ မြေမြုပ်မိုင်းဖြစ်နိုင်တယ်”ဟု သူကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကလည်း Bangdukbanga ကျေးရွာရှိ Jitua Tongchongya ဆိုသူက ဒီနယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သလို၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်ကလည်း Kawn ကျေးရွာရှိ Khusoma ကလည်း မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကူချောင်းဒေသ၊ ရှင်မဒိန်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးအောင်လွန်းသည် မြန်မာ့တပ်မတော်မှ ရှေ့တန်းနယ်မြေသို့ လမ်းပြအဖြစ် ခေါ်ဆောင်သွားရာမှ မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု မတ်လ ၅ ရက်တွင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ခဲ့ သည်။

By မိုးကျော် /ခိုနူမ်းသုန်သတင်း

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်