Advertisements

ဝဥစိုက်တောင်သူများအတွက် အတိုးမဲ့ချေးငွေရရှိနိုင်ရန် မြေပိုင်ဆိုင်မှုပြရန်လိုအပ်

မတ် ၂၀၁၉

ချင်းပြည်နယ်ရှိ ဝဥစိုက်တောင်သူများအနေဖြင့် အလှူရှင် (Donar) များထံမှ အတိုးမဲ့ချေးငွေများရရှိနိုင်ရန် ချင်းတိုင်းရင်းသား တောင်သူလယ်သမားအသင်းဗဟိုမှ စီစဉ်ဆောင်ရွက်နေပြီး ဝဥစိုက်တောင်သူများအနေဖြင့်လည်း မြေပိုင်ဆိုင်မှုပြရန်လိုအပ်သည်ဟု အသင်းဥက္ကဌကပြောသည်။

“စိုက်ပျိုးသူအသင်းသားတွေရဲ့ စာရင်းတွေအတိအကျရပြီးရင် ဒီဘက်ကဒိုနာကနေပြီးတော့ ညှိနှိုင်းပြီးမြေပိုင်မှု လုပ်ပြီးရင်တော့ ချေးငွေကချေးလို့ရမှာ အခုကျွန်တော် (၇) မြို့နယ်သွားတာက မြေပိုင်ဆိုင်မှုတွေသွားလုပ်ခိုင်း တာ ဘိုးဘွားပိုင်လို့အော်နေပြီးတော့ ကျွန်တော်တို့တွေက ပိုင်ဆိုင်မှု မရှိတဲ့အခါကြတော့ ဒိုနာတွေက လာရင်လည်း ပိုင်ဆိုင်မှုမရှိတော့ မချေးရဲဘူးပေါ့ဗျာ အဲလိုဖြစ်တဲ့အခါကျတော့ ဘာတွေဖြစ်ကုန်လဲဆိုတော့ ပိုင်ဆိုင်မှုမရှိရင်ချေးငွေဆိုတာမရနိုင်ဘူး ဘယ်သူမှလည်းမချေးရဲကြဘူးအဲဒါကြောင့် ပိုင်ဆိုင်မှုတွေကိုလုပ် ဖို့လိုပါတယ်” ဟု ချင်းတိုင်းရင်းသားတောင်သူ လယ်သမားအသင်းဗဟိုဥက္ကဌ ဦးစန်းမြင့်အောင်ကပြောသည်။

ချင်းပြည်နယ်အတွင်းဝဥစိုက်ပျိုးသူများအတွက် နစ်နာဆုံးရှုံးမှုများမရှိအောင် ချင်းတိုင်းရင်းသားတောင်သူလယ်သမားအသင်းမှ ဝဥများကြိုတင်ငွေပေးဝယ်ယူထားပြီး ကိုးရီးယားနိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်း ဥက္ကဌကဆက်ပြောသည်။

Advertisements

“ပြန်ဝယ်ပေးမယ့်သူက ရှာထားပြီးပြီတွေ့ထားပြီးပြီ၊ ကိုးရီးယားနဲ့ ဝယ်ပေးမယ့်သူတွေ့ပြီးပြီ၊ အခုလည်း ကိုယ်စားလှယ်တရုတ်တွေက လာပြီးတော့မှ ကြိုတင်ငွေတွေပေးနေကြတာလေ၊ အခုလည်း တောင်ပိုင်းမှာဆိုရင် ကြိုတင်ငွေတွေရော၊ ဝဥစိုက်ထားတဲ့လူတစ်ယောက်ကို ဘယ်နှဧကစိုက်လဲ၊ ရော့ငွေလိုသလောက် ကြိုတင်ငွေပေးပြီးရင် အားလုံးငါ့ဆီပြန်ရောင်းဆိုပြီး လုပ်နေကြတာလေ၊ ဒါပေမယ့် အဲဒါကျတော့ တောင်သူတွေနစ်နာကြတာလေ၊ ကျွန်တော်တို့ကျတော့ ကြိုတင်ငွေအခုထုတ်ပေးလိုက်မယ်၊ နောက်မှ သူယူထားတဲ့ငွေကိုနုတ်ပြီးတော့ ကျန်တဲ့ငွေကို ပြန်ပေးမယ်ပေါ့” ဟု ဥက္ကဌကပြောသည်။

By လားနွန်/ခိုနူမ်းသုန်သတင်း

Advertisements

Leave a Reply