စာရေးဆရာကြီးဒဂုန်တာရာ ရာပြည့်အကြိုအဖြစ် ခေတ်ဟောင်းစာပေ ဝတ္ထုရှည် ၁၀၀၀နှင့် ခေတ်ဟောင်းဂျာနယ်များပြပွဲ
ခင်နှင်းဝေ/Myanmar Now
16/3/2019
စာရေးဆရာကြီးဒဂုန်တာရာ ရာပြည့်အကြိုအဖြစ် ခေတ်ဟောင်းစာပေ ဝတ္ထုရှည် ၁၀၀၀နှင့် ခေတ်ဟောင်းဂျာနယ်များပြပွဲကို မတ်လ ၁၆ ရက်က မန္တလေးမြို့ ၃၆ လမ်း၊ ၆၄ လမ်းနှင့် ၆၆ လမ်းကြား၊ မဟာမြိုင်(၁)ရှိ ရတနာပျိုးခင်းစာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
“ဒီနေ့ပြပွဲကတော့ လွပ်လပ်ရေးမတိုင်မီခေတ်ရယ်၊ လွပ်လပ်ရေးခေတ်ရယ်၊ ဖဆပလခေတ်ရယ်၊
ဒီဘက်ခေတ်ရယ်ဖြတ်သန်းလာတဲ့ စာပေရေစီးကြောင်းကြီးကို နောက်လူတွေသိစေချင်တဲ့အတွက်ပါ” ဟု ရတနာပျိုးခင်းစာကြည့်တိုက်အသင်းဥက္ကဌ ဦးအုန်းငွေကပြောသည်။
စာရေးဆရာကြီး ဒဂုန်တာရာသည် ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။
စာရေးဆရာ၊ သတင်းစာဆရာအဖြစ် အသက်မွေးခဲ့ပြီး မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဦးဒဂုန်၊ ဗညား သီဟ စသည့် ကလောင်များဖြင့် ရေးသားခဲ့သည်။ စာပေဗိမာန် ဝတ္ထုတို ပေါင်းချုပ်ဆု၊ ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာ စာပေဆုများ ရရှိခဲ့သည်။
ခင်နှင်းဝေ/Myanmar Now