ကျိုက်ထိုမြို့နယ်တွင် မီးလောင်

ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

၁၇ မတ် ၂၀၁၉

ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ထမင်းဆိုင် တစ်ဆိုင်တွင် ဆောက်လုပ်ထားသည့် တည်းခိုဆောင် မီးလောင်ကျွမ်းမှု ဖြစ်စဉ်တစ်ရပ် မတ်လ ၁၆ ရက် ညနေ ၃ နာရီ၊ မိနစ် ၅၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

နိုင်လင်းကျော်(၃၃)နှစ်၏ ကျော်(ရွှေဘို)အညာသားလေး ထမင်းဆိုင်၌ ဘုရားဖူးဧည့်သည်များ ခေတ္တတည်းခိုရန် ဆောက်လုပ်ထားသည့် အခန်း ၇ ခန်းပါ တောင်ထန်းမိုး/ ထရံကာ/ ဝါးခင်း တန်းလျားတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးမှ ဝါယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ တန်းလျား ၁ လုံး၊ မော်တော်ယာဉ် ၇ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ညနေ ၄ နာရီ ၊ မိနစ် ၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ညနေ ၆ နာရီခွဲအချိန်တွင် နိုင်လင်းကျော်(၃၃)နှစ်အား ကင်မွန်းချောင်းနယ်မြေရဲစခန်း(ပ) ၅၅၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ နေ့လည်ပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

Advertisements

ကိုးကား – ပြည်ထဲရေးဝန်ကြီးဌာန / http://bit.ly/2FhN706

Advertisements

Leave a Reply