သွေးလွန်တုပ်ကွေး ကာကွယ်ရေး မိုးမဝင်မီ လုပ်ဆောင်မည်

ထားဝယ် မတ် ၁၄

တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ်၌ သွေးလွန်တုပ်ကွေးအပြင် ဆင်တုပ်ကွေးရောဂါပါဖြစ်ပွားခဲ့ခြင်း ကြောင့် မိုးရာသီမတိုင်မီကပင် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း ကြိုတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရ.ပ.က.န (ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင် များမှတဆင့်ကူးစက်တတ်သော ရောဂါများကာကွယ်နှိမ် နှင်းရေး) အဖွဲ့ ထံ မှသိရသည်။

သို့မှသာ ဧပြီ၊မေ၊ဇွန်လများတွင် သွေးလွန် တုပ်ကွေးရောဂါအတွက်ကာမိမည်ဖြစ်ပြီး လုပ်ဆောင်မထားလျှင် ဆေးရုံတက်မည့်ကလေးများစွာ ထွက်ပေါ်လာလိမ့် မည်ဟု ယင်းအဖွဲ့မှ တာဝန်ခံ ဒေါက်တာနန္ဒဝင်းက ပြောသည်။
ယခင်နှစ်ကသွေးလွန်တုပ်ကွေးလူနာ များမှာ ဖျားရုံမျှသာဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင်မူ သွေးလွန်တုပ်ကွေးရောဂါသည် တစ်နေရာတည်းတွင်အစုလိုက်ဖြစ်ပွားသည်ကိုတွေ့ရှိရခြင်း၊နှာခေါင်းသွေးယိုခြင်း၊သွားဖုံးသွေးယိုခြင်းတို့ပါဖြစ်ပွားခဲ့၍ဗိုင်းရပ်စ် ပုံပြောင်းပြီး ဖြစ်မည်ကို စိုးရိမ်နေရကြောင်း ပြောသည်။

“ အရင်နှစ်တွေနဲ့မတူတဲ့ ဗိုင်းရပ် စ် ဝင်လာမလား ကြောက် နေတယ်”ဟု ဒေါက်တာနန္ဒဝင်းက ဆိုသည်။
ယင်းသို့သောအခြေအနေကြောင့် ရော ဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းပိုက်စိပ်တိုက်လုပ်ဆောင် ရန် အစီအစဉ် ရေးဆွဲနေပြီဖြစ်ကြောင်း၎င်း က ဖြည့်စွက်ပြော သည်။

Advertisements

တိုင်းအတွင်း ယခုနှစ် ဇန်နဝါရီလမှ မတ်လ ၁၃ရက်နေ့ အ တွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ထားဝယ်မြို့နယ် တွင် ၄ဦး၊လောင်းလုံးမြို့နယ်တွင် ၁ဦး၊ရေဖြူမြို့နယ်တွင် ၂ဦး၊သရက်ချောင်းမြို့နယ်တွင် ၁ဦး၊မြိတ်မြို့နယ်တွင် ၁၉ ဦး၊ ကျွန်းစုမြို့နယ်တွင် ၁၄ဦး၊ ပုလောမြို့နယ်တွင် ၉ဦး၊ တနင်္သာရီမြို့နယ်တွင် ၁ဦး၊ ဘုတ်ပြင်းမြို့နယ်တွင် ၁၁ဦး၊ စုစုပေါင်း ၆၂ဦးရှိသည်ဟု ရ.ပ.က.န အဖွဲ့ထံမှ သိရသည်။

ရေဖြူမြို့နယ်၊ ဘဝါကမ်းခြေတွင် မတ်လ ၅ရက်က ဆေး ဝါးကုသမှုဆောင်ရွက်ရာ အဖျားလူနာ(၃၃)ဦး၊ အဖျားပြီး အဆစ်ကိုက်နေသူ(၃၇)ဦး၊ အဖျားပြီး အဆစ်ကိုက်၍ နီး စက်ဖြစ်သူ(၁၃)ဦးကိုတွေ့ရှိရပြီး အသက် (၁၃)နှစ်အရွယ် ကလေးတစ်ဦးတွင်ဆင်တုပ်ကွေးရောဂါရှိသည်ဟုအမျိုးသားဓါတ်ခွဲခန်းမှ အတည်ပြုချက်အဖြေရရှိထားသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်ကတိုင်းအတွင်းသွေးလွန်တုပ်ကွေးရောဂါ ၁၄၀၉ဦးဖြစ်ပွားပြီးလူနာ၁၁ဦးသေဆုံးခဲ့သည်ဟု သိရ သည်။

တင့်လွင်

Advertisements

Leave a Reply