ဝက်နှင့်ဝက်ထွက်ပစ္စည်း တင်သွင်းမှု ပိတ်ပင်

24

ထားဝယ် မတ်

နယ်စပ်ဝင်ပေါက်များ၊ လေဆိပ်၊ ရေဆိပ်များမှတစ်ဆင့် ဝက် နှင့်ဝက်ထွက်ပစ္စည်းများတင်သွင်းမှုမပြုလုပ်ရန် ယာယီ တားဆီးပိတ်ပင်ထားကြောင်းတနင်္သာရီတိုင်းဒေသကြီးမွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။

“ဝင်ပေါက် ထွက်ပေါက်ကနေပြီးတော့ ကျွန်မတို့ ဒေသထဲကို ဝင်လာတာ၊ ကျွန်မတို့ဖက်ကနေ ဟိုဖက်ကိုပြန်ထွက်သွား တာ ရောင်းတာတို့၊သယ်တာတို့ လည်း ယာယီပိတ်ထားတယ်”ဟု ယင်းဌာနမှညွန်ကြားရေးမှူးဒေါက်တာကြည်ကြည်ရှိန်က ပြောသည်။

ဝက်နှင့်ဝက်ထွက်ပစ္စည်းများတင်သွင်းမှုကိုကန့်သတ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးချုပ် ၊ နေပြည်တော်က မတ်လ၅ရက်တွင် ထုတ်ပြန်ခဲ့ပြီး မတ်လ ၁၂ ရက်နေ့တွင် ယင်းသို့တားဆီးပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊တရုတ်နိုင်ငံတွင်အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားပြီးဝက်အများအပြားသေဆုံးလျက်ရှိ၍မြန်မာနိင်ငံသို့ကူးစက်ဝင်ရောက်မှုမရှိစေရေးကြိုတင်ကာကွယ် ရန် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ရောဂါဖြစ်ပွားနေသော နိုင်ငံများမှ ဝက်အ ရှင်နှင့် ဝက်သား၊အေးခဲဝက် သား၊ဝက်ပေါင်ခြောက်၊ဝက်အူချောင်းနှင့်အခြားဝက်ထွက် ပစ္စည်းများနယ်စပ်ပေါက်များနှင့်လေဆိပ်၊ရေဆိပ်များမှတဆင့် သယ်ယူ ခြင်း၊ဝယ်ယူ ခြင်းနှင့်ရောင်းချခြင်းများမပြုလုပ်ရန် မွေး/ကု ရုံးချုပ်က ယာယီတားဆီးပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန် ထားသည်။

ယင်းအမိန့်ကို ခရိုင်/မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦး စီးဌာနများသို့ အဆင့်ဆင့်စာထုတ်အသိပေးထားပြီး လိုအပ်သည့် စစ်ဆေးကြပ်မတ်မှုများ ပြုလုပ်လျက် ရှိသည်ဟု မွေး/ကုဌာန တိုင်း ညွှန်မှူးက ဖြည့်စွက်ပြောသည်။

ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ခြင်းထိစပ်ရာ ထီးခီး၊မောတောင်၊ကော့သောင်းနယ်စပ်ကုန်သွယ် ရေးစခန်းများအနက် ကော့သောင်းမြိုံရှိ တိရ စ ္ဆာန်ကျန်းမာရေးစစ်ဆေးရေးစခန်းတစ်ခုသာ လုပ်ငန်း ဆောင်ရွက်လျက်ရှိြင်္ပီး ထီးခီးနှင့်မောတောင်တွင်မူ အ ဆောက်အအုံ ဆောက်လုပ်ထားပြီး စစ်ဆေးရေးလုပ် ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

နယ်စပ်ပေါက်များမှ အေးခဲကြက်သား၊ဝက်သားများ မြို့ တွင်းသို့တရားမဝင်သောနည်းလမ်းဖြင့် ဝင်ရောက်သည် ဟု သတင်းရလျှင်တရားမဝင်ကုန်ပစ္စည်းတားဆီးရေးအဖွဲ့က သွားရောက်စစ်ဆေးလျက်ရှိသည်ဟု တိုင်းမွေး/ကုရုံး တာဝန်ရှိသူ က ဆို၏။

ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိက အပြင်းဖျား ရောဂါသည် အိမ်မွေးဝက်များနှင့် တောဝက်များတွင် အရွယ်မရွေး အဖြစ်များကြောင်း ကာကွယ်ဆေးမရှိကြောင်း၊ လူသို့ကူးစက်သောရောဂါမဟုတ်ကြောင်းနှင့် ယခင်က အာဖရိကတိုက်ရှိ ဝက်များတွင်သာ ဖြစ်ပွားခဲ့ သော်လည်း ၂၀၁၈ခုနှစ်မှစတင်၍ တရုတ်နိုင်ငံတွင် ဝက် အပြင်းဖျားရောဂါဖြစ်ပွားခဲ့ပြီး ယခုအခါ အရှေ့တောင် အာရှသို့ စတင်ကူးစက်ပြန့်နှံ့လာနေပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

တရုတ်၊ မွန်ဂိုလီးယားနှင့် ဗီယက်နမ်တို့မှ အာဖရိ ဝက်အပြင်းဖျားရောဂါဖြစ်ပွားမှုဆိုင်ရာ လတ်တလော အစီရင်ခံစာအရ မြန်မာနိင်ငံသည်လည်းရောဂါဝင် ရောက်နိုင်ခြေမြင့်မားပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး တပ်လှန့်ထားရမည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး အဖွဲ့က မတ်လ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

တင့်လွင်

Advertisements

Leave a Reply