ချောင်းဆုံမြို့နယ်တွင် လူထုရေဒီယို အသံလွှင့်ဌာနဖြစ်မြောက်ရေးဆွေးနွေး

ချောင်းဆုံ မတ်

ချောင်းဆုံမြို့နယ်တွင်လူထုရေဒီယိုအသံလွှင့်ဌာနဖြစ်မြောက်ရေးနှင့်ပတ်သက်ပြီး DW အကယ်ဒမီလူထု ရေဒီယိုမှတာဝန်ရှိသူများက လာရောက်ဆွေးနွေးကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကို ၎င်း၏ ရုံးခန်းတွင်လည်းကောင်း၊ ချောင်းဆုံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးခန်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လည်းကောင်း မတ်လ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

“ချောင်းဆုံမြို့နယ်မှာ ကွန်မြူနတီရေဒီယိုနဲ့ပတ်သက်ပြီးဖြစ်မယ်မဖြစ်ဘူးဆိုတာအတိအကျ တော့မသိသေး ဘူး၊ လာရောက်မိတ်ဆက်ဆွေးနွေးတာတော့ရှိတယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

Advertisements

ယင်းအပြင် DW မှတာဝန်ရှိ သူများမှာ ဒေသအခြေအနေ၊ လူထုရေဒီယို နှင့်ပတ်သက်ပြီး ဒေသခံများလိုလားမှု ၊ လက်ခံမှု၊ ဒေသအတွက်အကျိုးရှိမှု ၊ လူထုရေဒီယိုဖြစ်မြောက်လာလျှင် ရေရှည်ရပ်တည်နိုင်မှု အခြေအနေများကို ဒေသရှိအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မတ်လ ၁၃
ရက်တွင် ထပ်မံ ဆွေးနွေး ကြောင်းသိရသည်။

လက်ရှိအခြေအနေတွင် ဆွေးနွေးနေဆဲဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နိုင်မည်ဆိုပါကဆက်စပ်ပစ္စည်းများ၊ နည်းပညာများ ပံ့ပိုးသွားရန်ရှိကြောင်း DW အကယ်ဒမီလူထုရေဒီယိုအဖွဲ့တွင်လိုက်ပါဆောင်ရွက်သူ ဒေးဗစ်က ရှင်းပြသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply