Advertisements

ချောင်းဆုံတွင် စာပေစကားဝိုင်း ပြုလုပ်

ချောင်းဆုံ မတ်

ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာပေစကား ဝိုင်းတစ်ရပ်ကို မတ်လ ၁၁ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါစကားဝိုင်းတွင်ဆရာအောင်သင်းရေးသားသောနှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါစာအုပ် မှ အချက်အလက်များကိုကိုးကား၍ဖတ်ရှုဆွေးနွေးကြကြောင်း မြိုံနယ် ပြန်/ဆက် ဦးစီးဌာနမှူး ဒေါ်သူဇာကဆိုသည်။

ယခုအခါ ကျောင်းဆရာ ၊ ဆရာမများကိုယ်တိုင် စာဖတ်အား နည်းလာကြောင်း ဦးဆောင်ဆွေးနွေးသူ အငြိမ်းစား ကျောင်းဆရာကြီး ဦးစောလှရှိန်က စကားဝိုင်း သုံးသပ်ဆွေးနွေးခဲ့သည်။

Advertisements

“ကျောင်းသားတွေကိုပညာသင်ကြားပေးနေတဲ့ဆရာ၊ဆရာမတွေကိုယ်တိုင်ကစာဖတ်အားနည်းလာတယ်။ ဆရာဆရာမတွေကိုယ်တိုင် အသိပညာဗဟုသုတတွေရရှိနိုင်တဲ့ သုတ ရသစာပေတွေကိုဖတ်ရှုလေ့လာပြီးပညာသင်ကြားရင်းနဲ့ကျောင်းသားတွေကိုတဆင့်ပြန်လည်မျှဝေပေးနိုင်မယ်”ဟု ၎င်းကဆိုသည်။

စာပေဆွေးနွေးပွဲစကားဝိုင်းများကိုစာသင်ကျောင်းများတွင်တစ်လနှစ်လတစ်ကြိမ်အနည်းဆုံးပြုလုပ်သင့်ကြောင်းနှင့်ကျေးရွာများတွင်လည်းစာပေစကားဝိုင်းများမကြာခဏပြုလုပ်သင့်ကြောင်းအငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးလှမြင့်က အကြံပြုသည်။

“သုတ ၊ ရသ စာပေတွေ ဖတ်ရှုခြင်းအားဖြင့် ကိုယ်ချင်းစာတတ်ဖို့ ၊ တာဝန်သိတတ်ဖို့ ၊ ကိုယ်ကျင့်တရားကောင်း မွန်စေဖို့ ၊ အများကြီးအထောက်အကူတွေရရှိလာနိုင်မှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ဆရာဆရာမများအနေဖြင့် ကျောင်းစာများကိုသင်ကြားရင်း စာအုပ်စာပေများကိုဖတ်ရှုလေ့လာပြီး ကျောင်းသူကျောင်းသားများကိုဗဟုသုတများမျှဝေပေးစေလိုကြောင်းအဆိုပါစကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူ ကို ကောင်းထက်အိမ်ကလည်း အကြံပြုဆွေးနွေးသည်။

“စာပေဆွေးနွေးပွဲစကားဝိုင်းတွေလုပ်ခြင်းဖြင့် စာဖတ်အားမြင့်လာမယ်၊ ပြောရဲဆိုရဲရှိလာမယ်၊ စာပေကနေဗဟုသုတတွေပိုရလာမယ်။လူငယ်လူရွယ်တွေကသုတရသစာပေတွေကနေအတုယူတတ်လာမယ် ၊ စာကြည့်တိုက်တွေကိုပိုပြီးအသုံးပြုတတ်လာမယ်”ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးလှမြင့်က တိုက်တွန်းပြောဆိုသည်။

ယင်းဆွေးနွေးပွဲတွင် ဒေသခံ ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply