တနင်္သာရီ ဝန်ကြီးချုပ်သစ် အမည်စာရင်း နိုင်ငံတော်သမ္မတ ပေးပို့

ထားဝယ် မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးချုပ်နေရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးမြင့်မောင်အား ခန့်အပ်တာဝန် ပေးရန် နိုင်ငံတော်သမ္မတမှ မတ်လ ၁၈ရက် ညနေ ၄နာရီက အမည်စာရင်း ပေးပို့လာခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

“လွှတ်တော်အနေနဲ့ကတော့ ဆွေးနွေးခြင်း၊ ကျမ်းသစ္စာ ကျိန်ဆိုခြင်းတွေလုပ်ဖို့ လာမယ့် ၂၂ရက်နေ့မှာ အရေးပေါ် အစည်းအဝေးခေါ်မယ်”ဟု ဦးခင်မောင်အေး က ဆိုသည်။

တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို ဝန်ကြီးချုပ် တာဝန်မှ မတ်လ ၁၀ရက်တွင် ရပ် စဲပြီးနောက် တိုင်းဒေသကြီး၏လုပ်ငန်းတာဝန်များထမ်း ဆောင်နိုင်ရေးအတွက် ဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်တာ ဝန်ပူးတွဲပေးအပ်ကြောင်း နိုင်ငံတော်သမ္မတမှ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ မတ်လ ၁၁ရက်တွင်စာ ပေးပို့ခဲ့သည်။

ယခုအခါ ဝန်ကြီးချုပ် အမည်စာရင်း ပေးပို့လာ၍ တိုင်းဒေသကြီးလွှတ်တော်၏ သ ဘောတူညီချက်ရယူရမည်ဟု ဦးခင်မောင်အေးကဆိုသည်။

ဦးမြင့်မောင်အား ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုပြီးလျှင် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးနေရာတွင် ခန့်အပ်မည့်သူ အ မည်စာရင်းကို ဝန်ကြီးချုပ်အသစ်မှ တိုင်းဒေသကြီးလွှတ် တော်သို့ပေးပို့ပြီး လွှတ်တော်၏သဘောတူညီချက်ရယူ ရမည်ဟု သိရသည်။

ထို့ကြောင့် အဆိုပါဝန်ကြီးနေရာအား ခန့်အပ်နိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးကို မတ်လ ၂၅ နှင့် ၂၆ရက်နေ့တို့တွင် ဆက်လက်ကျင်းပပြုလုပ်မည်ဟုသိရ သည်။

ဦးမြင့်မောင်မှာ ကော့သောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး တနင်္သာ ရီတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့တွင်အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ငယ်စဉ်က ထားဝယ်မြို့ အလက ကြက်စားပြင်တွင် ကျောင်းတက်ပြီးနောက် ရန်ကုန် ၊ ဗဟန်းမြို့နယ် အမက(၄)နှင့် အထက(၃)တို့တွင် ပညာသင်ကြားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှ ဘွဲ့ရရှိသူဖြစ်သည်ဟုလည်း သိရသည်။

တင့်လွင်

Leave a Reply