Guardians of the Galaxy 3 ဇာတ်ကားအတွက် ယခင်ဒါရိုက်တာဟောင်းကို ဒစ္စနေးကုမ္ပဏီ ပြန်လည်ငှားရမ်း

25

နယူးယောက် မတ် ၁၇

ဒစ္စနေးကုမ္ပဏီ မာဗယ်စတူဒီယိုကနေ ထုတ်လုပ်တဲ့ ဟီးရိုးဇာတ်လမ်းတစ်ခုဖြစ်တဲ့ Guardians of the Galaxy 3ဇာတ်ကားအတွက် ဒါရိုက်တာ ဂျိန်းစ်ဂန်းကို ကုမ္ပဏီဘက်က ပြန်လည်ငှားရမ်းလိုက်တယ်လို့ မတ်လ ၁၇ရက်နေ့မှာ ပြောပါတယ်။

ဒါရိုက်တာ ဂျိန်းစ်ဟာ အရှေ့က ဇာတ်လမ်းတွဲ ၁နှင့် ၂အတွက်လည်း ဒါရိုက်တာလုပ်ခဲ့ပြီး ယခင်နှစ်က ဖြစ်ပေါ်ခဲ့တဲ့ သူရဲ့ အရင်ကဇာတ်လမ်းတွေကြောင့် 2018ခုနှစ် နိုဝင်ဘာလမှ ကုမ္ပဏီဘက်ကနေ အလုပ်ထုတ်ခဲ့တာပါ။ အဲ့ဒီဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဖြစ်ခဲ့ဖူးတဲ့ အရွယ်မရောက် သေးတဲ့ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့ဖူးတဲ့ သူရဲ့ ဇာတ်လမ်းဟောင်းတွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းအပြင် လက်ရှိမှာ အရင်ကလုပ်ရပ်တွေကို တရားဝင်ဖော်ထုတ်တောင်းပန်ကာ ဖြေရှင်းပြီးဖြစ်တာကြောင့် ဂျိန်းစ်ကို ဒါရိုက်တာအဖြစ် ပြန်လည် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ အစောပိုင်းလောက်မှာ မာဗယ်စတူဒီယိုက Guardians of the Galaxy 3 ရဲ့ ဇာတ်ညွှန်း ရေးသားသူအဖြစ် ကယ်လ်ဗင်ဖရင့်ခ်ကို ရွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလက်ရှိအခြေအနေအရ ဒါရိုက်တာဂျိန်းစ်နဲ့ ကယ်လ်ဗင်တို့က တူတူ အသင်းတစ်ခုတည်းလုပ်ရ
တော့မှာပါ။

ဂျိန်းစ်ရဲ့ ဒါရိုက်တာအဖြစ် ပြန်လည်ပါဝင်လာနိုင်ဖို့အတွက် ရုပ်ရှင်ဇာတ်လမ်းထဲမှာ သရုပ်ဆောင်တဲ့ ခရစ်ပရက်စ်၊ ဇိုးလ်ဆာဒါနာနဲ့ ဘရက်တလေကူးပါးလ်တို့က ကုမ္ပဏီဘက်ကို တောင်းဆိုတဲ့စာ တစ်စောင်ကို စုပေါင်းလက်မှတ်ထိုးပြီး 2018 ခုနှစ် ဇူလိုင်လက ပေးပို့တောင်းဆိုခဲ့ပါတယ်။

ဂျိန်းစ်ဟာ ယခင်အပိုင်း ၁နဲ့ ၂ရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသားသူဖြစ်တာကြောင့် သူရဲ့ ပါဝင်မှုက ဇာတ်လမ်းအောင်မြင်မှုအတွက် အဓိကကျနေပါတယ်လို့ သူတို့က ရေးသားဖော်ပြခဲ့ပါတယ်။

Guardians of the Galaxyအပိုင်း ၁ကို ၂၀၁၄ကရုံတင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၇၇၃သန်း ဝင်ငွေရခဲ့ပါတယ်။ အပိုင်း ၂ ကိုတော့ ၂၀၁၇မှာတင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၆၃သန်း ဒေါ်လာရခဲ့ပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်