နယူးဇီလန် ဗလီ တိုက်ခိုက်ခံရမှု ရုပ်အလောင်းများ မိသားစုထံ လွှဲပြောင်း

Mark Baker | AP

ဝယ်လ်လန်တန် မတ် ၁၇

နယူးဇီလန်နိုင်ငံ ခရစ်ချက်ချ်မြို့ရှိ ဗလီ နှစ်ခု တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ၎င်းတို့၏ မိသားစုဝင်များထံ စတင်လွှဲပြောင်းပေးနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Jacinda Ardern က မတ်လ ၁၇ရက်နေ့တွင် ပြောကြားခဲ့သည်။

သို့သော် အနည်းငယ်သာ လွှဲပြောင်းရသေးပြီး ကျန် ရုပ်အလောင်းအားလုံးကိုလည်း တစ်ပတ်အတွင်း ပြန်လည်လွှဲပြောင်းနိုင်ဖို့ ကြိုးစားသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

ယင်းတိုက်ခိုက်မှုမှ တရားခံဖြစ်သူ Brenton Tarrant အား လုံခြုံရေးတင်းကျပ်ထားသည့် အဆောက်အအုံ၌ ထိန်းသိမ်းထားကြောင်း Ardern က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

Advertisements

မတ် ၁၆ ရက်တွင် နယူးဇီလန်တရားရုံး၌ပြစ်မှုကျူးလွန်သူ အသက် ၂၈ နှစ်အရွယ် ဘရန်တန်တာရန့်ကို စတင်ရုံးထုတ်ခဲ့ပြီး လူသတ်မှုဆိုင်ရာ စွပ်စွဲ ချက်ကို တရားသူကြီးက ဖတ်ပြခဲ့ကြောင်း သိရ သည်။

တရားခံသည် အယူခံဝင်ရန် တောင်းဆိုခြင်းမရှိခဲ့သဖြင့် ဧပြီလ ၅ရက်နေ့တွင် အပြီးသတ် စီရင်ချက် ချမှတ်မည် ဖြစ်သည်။ အဆိုပါအကြမ်းဖက်မှုများတွင် လူပေါင်း ၄၉ ဦးသေဆုံးခဲ့ပြီး ၅ဝ ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ဒဏ်ရာရရှိသူများအနက် အသက် နှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ် များလည်း ပါဝင်ကြောင်း သိရသည်။

အကြမ်းဖက်သမားနှင့် နာမည်ချင်းတူညီ သော လူမှုကွန်ရက်အကောင့်အချို့တွင် အခင်း ဖြစ်ပွားခဲ့သည့် မွတ်စလင်ဘာသာရေးကျောင်း များနှင့် သက်ဆိုင်သော အချက်အလက်များကို ပို့စ်တင်ထားကြောင်း တွေ့ရှိရသည်။ ယခုဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကို ကျူးလွန်ရန် အချိန်အားဖြင့် နှစ်နှစ်တိုင်တိုင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရသည်ဟု ရေးသားထားကြောင်း အကောင့်တစ်ခုတွင် တွေ့ရှိရသည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခရစ်ချက်ချ်မြို့ ၌ မတ် ၁၇ရက်တွင် ရဲတပ်ဖွဲ့ဝင် ၁၂၀ဦး နှင့် အတူ တပ်ဖွဲ့ဝင်အင်အား ကိုတိုးမြှင့်ချထားကြောင်း နှင့် ဗလီအားလုံး ၌ ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နယူးဇီလန် နိုင်ငံအတွင်းရှိ သေနတ်ကိုင်ဆောင်သော ဥပဒေ ကို ပြန်လည်ပြင်ဆင် မွမ်းမံမည်ဖြစ်ကြောင်း၊ အာဏာပိုင်များအနေဖြင့်လည်း နိုင်ငံအတွင်း လုံခြုံရေး ပိုမိုတင်းကျပ် ထားရှိမည်ဖြစ်ကြောင်း နှင့် အစွန်းရောက်အကြမ်းဖက်သမားများ၏ အန္တရာယ်ကိုလည်း ပိုမိုတားဆီးကာကွယ်သွား မည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ်က လူထုကို ပြောကြားခဲ့သည်။

CNBC

Advertisements
Advertisements

Leave a Reply