Advertisements

ဇနီးနဲ့ စကားများ ရန်ဖြစ်ရာမှ လ သားအရွယ် သမီးကို ရေတွင်းထဲ ပစ်ချမှု ဖြစ်ပွား

မော်လမြိုင် မတ် ၁၈

အသက် ၁၁ လ အရွယ် လသား သမီးငယ်ကို ဖခင်ဖြစ်သူက ရေတွင်းထဲမှာ ပစ်ချခဲ့ပေမယ့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၁၇ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ လင်မယားနှစ်ဦး စကားများရန်ဖြစ်ကြရာမှ ဖခင်ဖြစ်သူက ၁၁ လအရွယ် သမီးငယ်လေးကို ရေတွင်းထဲ ပစ်ချခဲ့မှု ဖြစ်ပွားခဲ့တာပါ။

ကလေးငယ်ရေတွင်းထဲ ပစ်ချလိုက်တာ တွေ့ရှိလို့ အနီးပတ်ဝန်းကျင်လူတွေက အော်ဟစ်အကူညီတောင်းခဲ့သောကြောင့် လှိုင်ကွက်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရီအဖွဲ့က ဝိုင်းဝန်းဆယ်ယူပေးနိုင်ခဲ့ပြီး ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

Advertisements

၁၁ လအရွယ် မိန်းကလေးငယ်ဟာ အသက်မသေဘဲ ဆေးကုသမှုခံယူနေပြီး လက်ရှိအခြေအနေမှာ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ပြစ်မှုကျူးလွန်တဲ့ ဖခင်ဖြစ်သူ အိုစမာန် (ခေါ်) ရဲနောင်ကို ကော့ကရိတ်မြို့မရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ- ၃၀၇ (လူသတ်ရန်ကြံရွယ်မှု) နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

ခေတ်မင်း

Advertisements

Leave a Reply