တနင်္သာရီ ဝန်ကြီးချုပ်အသစ်အပေါ် သူတို့ ဘယ်လို မျှော်လင့်သလဲ

37
ဦးခင်မောင်အေး၊ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အသစ်ကို မကြာတော့မီ ရက်ပိုင်းအတွင်း ခန့်အပ်ရန် ရှိနေသည်။
ယခင် ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်မှာ သက်တမ်း ၃ နှစ်နီးပါးအတွင်း အဂတိ လိုက်စားမှု လုပ်ရပ်များစွာ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ ၎င်းနှင့် အပေါင်းပါအချို့ကို အရေးယူလိုက်ပြီ ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မတ်လ ၁၀ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဦးရေ ရာချီသည့် အရေအတွက်ရှိသော ထားဝယ်နှင့် မြိတ်ဒေသခံများက တိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စစ်ဆေးပေးရန် တိုင်ကြားခဲ့ပြီးနောက် ကော်မရှင်က ဖေဖော်ဝါရီလ ၄ ရက်မှစ၍ မတ် ၆ ရက်အထိ တစ်လနီးပါးကြာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် အထက်ပါကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းနောက်တွင် ဒေါက်တာလဲ့လဲ့မော်ကို ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲလိုက်ကြောင်း ကြေညာချက် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။လက်ရှိအခြေအနေတွင် လစ်လပ်သွားသည့် ဝန်ကြီးချုပ်နေရာကို တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီး ဦးမြင့်မောင်ကို ယာယီ ပေးအပ်ထား၏။

လစ်လပ်နေသည့် တိုင်းဝန်ကြီးချုပ်နေရာတွင် ခန့်အပ်မည့် သူ အမည်စာရင်း လာမည့် သီတင်းပတ်အတွင်း လွှတ်တော်ထံ ပေးပို့ရန် ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောဆိုထားသည်။

နောက် အသစ် ခန့်အပ်မည့် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ လိုလားသည့် ဆန္ဒနှင့် သဘောထားအမြင်များကို ဒေသခံတို့အနက် နယ်ပယ်ကဏ္ဍမတူသည့် ပုဂ္ဂိုလ်အချို့ထံမှ ကောက်ယူစုစည်း၍ ဖော်ပြလိုက်ပါသည်။

ဦးခင်မောင်အေး၊ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်။

ဦးခင်မောင်အေး၊ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်။

တိုင်းဒေသကြီးမှာတကယ်ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာအခက်အခဲတွေအရမ်းများတယ်၊ထက်ထက်မြက် မြက်လူတစ်ယောက်သာနိုင်ငံတော်ဗဟိုအစိုးရရဲ့မူဝါဒတွေနဲ့အညီ၊ ပါတီရဲ့မူဝါဒတွေနဲ့အညီအမြန်ဆုံးဆောင် ရွက် နိုင်မဲ့ပုဂ္ဂိုလ်သူမျိုးဖြစ်စေချင်တယ်။

ဒီလိုဆောင်ရွက်တဲအခါမှာလည်းပဲ Strategic Plan (မဟာဗျူဟာအစီအစဉ်) တွေကျကျနနနဲ့ကျန်တဲ့အချိန် ပိုင်းလေးမှာ ဘယ်ကိစ္စကိုတော့ အကောင်းဆုံးအထူး ဆောင်ရွက်မယ်၊အများချည်းတော့လုပ်လို့မနိုင်တော့ဘူး အချိန်နည်းသွားပြီ ဘယ်ကိစ္စကိုတော့ ပြည်သူတွေအခက် အခဲဆုံးဖြစ်နေလဲ့ ဘယ်ကိစ္စကိုတော့ပြည်သူတွေမျော်လင့် နေလဲ့ဆိုတာ ရွှေးချယ်ရမဲ့ကိစ္စဖြစ်သွားပြီ ရွှေးချယ်ပြီး တော့မှ ပြည်သူတွေမျော်လင့်ဆုံးဖြစ်တဲ့ကိစ္စကို strage Planတွေ သေသေချာချာဗျူဟာ ကျကျဆောင်ရွက်နိုင်မဲ့ ပုဂ္ဂိုလ်တစ်ယောက်မျိုးဖြစ်စေချင်တယ်။

ဒါဆိုအချိန်တိုတိုလေးမှာပြည်သူတွေလည်း ကျေနှပ်သွား မယ်၊ ၂၀၂၀အတွက်လည်း NLDအရမ်းကိုအခြေအနေ ကောင်းသွားမယ်။

သူကStrategic Planကောင်းကောင်းနဲ့လုပ်တယ်၊ မှန်မှန် ကန်ကန်လည်းလုပ်တယ်ဆိုရင်တော့ အတိတ်ကဖြစ်ခဲ့တဲ့ အနေအထားတွေကို Recoveringလုပ်သွားနိုင်မယ်ထင်တယ်။

ဦးမောင်မောင်အေး(ဦးအေး)၊ ဒုတိယဥက္ကဋ္ဌ၊ ထားဝယ်တိုင်းရင်းသားများပါတီ။

ဦးမောင်မောင်အေး(ဦးအေး)၊ ဒုတိယဥက္ကဋ္ဌ၊ ထားဝယ်တိုင်းရင်းသားများပါတီ။

အသစ်ခန့်အပ်မဲ့ဝန်ကြီးချုပ်သည် စီမံခန့်ခွဲမှုကောင်းဖို့လို လိမ့်မယ်။ဝန်ကြီးချုပ်ဖြစ်ပြီးနောက်မှာ ပြည်သူအသံကို များများနားထောင်ဖို့လိုလိမ့်မယ်။

တရားဥပဒေစိုးမိုးရေး ဖက်ကို အလေးပေးစေချင်တယ်။ CSO ကဏ္ဍာကိုမျက် ကွယ်မပြုသင့်၊ မီဒီယာလွတ်လပ်ခွင့်ကို အားပေးသူမျိုး လည်းဖြစ်သင့်တယ်၊ လုပ်ငန်းဆောင်ရွက်ရာမှာ အများ ပြည်သူသိပိုင်ခွင့်ရှိသောကိစ္စများကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးမဲ့သူမျိုးကို မျှော်လင့်တယ်။

ဦးလှိုင်တင်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးသမား၊ ထားဝယ်ဒေသခံ။

ဦးလှိုင်တင်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးသမား၊ ထားဝယ်ဒေသခံ။

အသိုင်းအဝိုင်းနဲ့ဒေသကို ကွက်မကြည့်ဘဲ တစ်တိုင်းလုံး ရဲ့ အကျိုးစီးပွားကိုကြည့်ပြီး ပြည်သူနဲ့အတူ စွမ်းရည် သတ္တိရှိရှိလုပ်ဆောင်နိုင်မဲ့ ပုဂ္ဂိုလ်မျိုးဖြစ်စေလိုတယ်။

ကျည်းတန်ရုပ်ဆိုးလှတဲ့ သင်ခန်းစာကိုယူပြီး ပြည်သူမှန်း မသိတဲ့ အသိုင်းအဝိုင်းရဲ့ ချုပ်ကိုင်မှုနဲ့ကင်းလွတ်သူ အာ ဏာနဲ့ဘဏ္ဍာအထဲ့တွင်လဲနေမည့် နိုင်ငံရေးတွေ့ကြုံ နုနယ် သူများကို ရွေးမပေးဖို့ မျှော်လင့်တယ်။

ဦးဇော်သူရ၊ ဥက္ကဋ္ဌ၊ ထားဝယ်သုတေသနအသင်း။

ဦးဇော်သူရ၊ ဥက္ကဋ္ဌ၊ ထားဝယ်သုတေသနအသင်း။

လူထုနဲ့အတူရှိစေချင်တယ်။ ပြည်သူ့ဗဟိုပြုတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်စေချင်တယ်။ အရင်အစိုးရ အဆက်ဆက်လုပ်ခဲ့တဲ့ ပြဿနာတွေ ရှင်းစေချင်တယ်။

ဦးအောင်မျိုး၊ ထားဝယ်ဒေသခံ၊ ရာဘာခြံလုပ်ငန်း။

ပြည်သူရဲ့ ယုံကြည်မှုရအောင် အစိုးရကို တည်ဆောက်ပြနိုင်မယ့် ဝန်ကြီးချုပ်မျိုးရရင်ကောင်းပါတယ်။

တင့်လွင် စုစည်း တင်ပြသည်။

Advertisements

Leave a Reply