ကုလသမဂ္ဂရဲ့ အပျော်ရွှင်ဆုံးနိုင်ငံ စာရင်းဝင်လာတဲ့ ဖင်လန်

23

ကုလသမဂ္ဂ မတ် ၂၁

ကုလသမဂ္ဂအဖွဲ့က မတ်လ ၂၁ရက်နေ့မှာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေရဲ့စာရင်းတွေပါဝင်တဲ့ အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီစာရင်းမှာ ဖင်လန်နိုင်ငံက ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

ဖင်လန်နိုင်ငံဟာ ၂၀၁၈ခုနှစ်ကလည်း အပျော်ရွှင်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ယခုနှစ်မှာ ဒုတိယအကြိမ်မြောက် စာရင်းဝင်ခြင်းလည်းဖြစ်ပါတယ်။ စာရင်းရဲ့အောက်ဆုံးမှာတော့ လက်ရှိ စစ်မက်ဖြစ်ပွားနေဆဲဖြစ်တဲ့ အာဖရိကတိုက်မှ တောင်ဆူဒန်နိုင်ငံကရပ်တည်နေပါယတ်။

အစီရင်ခံစာထုတ်ပြန်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆နိုင်ငံမှ လူများကို စစ်တမ်းကောက်ခဲ့ပြီး အဲ့ဒီစစ်တမ်း မေးခွန်းမှာ သူတို့ရဲ့ မျှော်လင့်ချက်၊ ဝင်ငွေ၊ အစိုးရက ပေးတဲ့ လူမှုရေးဆိုင်ရာ အထောက်အပံ့တွေ အကြောင်းပါတယ် လို့သိရပါတယ်။

အမေရိကန်နိုင်ငံကတော့ ယခင်နှစ်ထက် အဆင့်ကျကာ အဆင့် ၁၉နေရာမှာရပ်တည်ခဲ့ပြီး ဥရောပမြောက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ဆွစ်ဇာလန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ သြစတေးလျနိုင်ငံတွေကတော့ ထိပ်တန်း ၁၀နိုင်ငံအဖြစ် အသီးသီးရပ်တည်နေပါတယ်။ ဗြိတိန်နိုင်ငံကတော့ စီးပွားရေးခွဲထွက်ရေးကိစ္စတွေေကြာင့် အဆင့် ၁၅သာရခဲ့ပါတယ်။

စစ်တမ်းရဲ့ နောက်ဆုံးမှာ စာရင်းဝင်ခဲ့တဲ့ တောင်ဆူဒန်နိုင်ငံကတော့ ပြည်တွင်းစစ်ကြေင့် လူပေါင်း လေးသိန်းကျော် သေဆုံးခဲ့ရပြီး လက်ရှိ လူဦးရေရဲ့ ၆၀ရာခိုင်နှုန်းဟာ အစာရေစာပြတ်လပ်မှုနဲ့ ကြုံတွေနေရာတာပဲ ဖြစ်ပါတယ်။

AFP

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်