Burger King မှာ မနက်စာလာရောက်စားသုံးသူများကို တစ်လစာကော်ဖီ ၅ဒေါ်လာနှင့် ဝန်ဆောင်မှုပေး

25

ကယ်လီဖိုးနီးယား မတ် ၂၂

အမေရိကန် စားသောက်ကုန်လုပ်ငန်းစုဖြစ်တဲ့ Burger King ဆိုင်တွေမှာ မနက်စာလာစားသူတွေကို တစ်လစာ ကော်ဖီဖိုး ၅ဒေါ်လာသာ ကျသင့်မဲ့ ဝန်ဆောင်မှုအသစ်တစ်ခုကို စတင်ပေးနေပါတယ်။

ဘာဂါကင်းဆိုင်တွေမှာ မနက်စာစားသုံးသူတိုင်း ဒီဝန်ဆောင်မှုကိုရရှိမှာဖြစ်ပြီး ဘာဂါကင်းရဲ့ စားသောက်ဆိုင်တွေ အရောင်းမြှင့်တင်ဖို့နဲ့ ကော်ဖီကို မိတ်ဆက်ချင်တာကြောင့် ဒီဝန်ဆောင်မှုကို လုပ်ဆောင်တာဖြစ်တယ်လို့ ဘာဂါကင်း ကုမ္ပဏီဘက်က ပြောပါတယ်။

အမေရိကန် ဘာဂါအမျိုးစားစုံလင်စွာနဲ့ နာမည်ကျော်နေတဲ့ ဘာဂါကင်းဟာ ကော်ဖီထုတ်ကုန်အသစ်နဲ့အတူ စျေးကွက်ထဲ တစ်ဖန်ခြေချလာတဲ့ ခြေလှမ်းသစ်လည်း ဖြစ်ပါသေးတယ်။

“ဒီ ၅ဒေါ်လာတန်ကော်ဖီဝန်ဆောင်မှုကနေ ဘာဂါကင်းဆိုင်တွေကို နိုင်ငံတကာမှာရောပြည်တွင်းမှာပါ လူဝင်များလာတဲ့ဆီကို ခေါ်ဆောင်သွားပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ စီအီးအို ဂျို့စ်ဆယ်လ်က ပြောပါတယ်။

၀န်ဆောင်မှု ပြိုင်ဆိုင်တဲ့စျေးကွက်စတင်ခဲ့တာအတော်ကြာခဲ့ပါပြီ။ နာမည်ကျော် McDonald’s နဲ့ Dunkinတို့ဟာ သူတို့ရဲ့ စားသုံးသူတွေဆီကို အိမ်တိုင်ယာရောက် မနက်စာပို့ဆောင်တဲ့စနစ်နဲ့ စျေးကွက်ချဲ့ထွင်လာတာ နှစ်အနည်းငယ်ကြာခဲ့ပေမဲ့ ဘာဂါကင်းကတော့ ပထမဆုံးစတင်လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။

ဘာဂါကင်းကုမ္ပဏီကို သူရဲ့ မူလ ကုမ္ပဏီဘက်ကနေ ခွဲဝေ လုပ်ငန်းစုအဖြစ် ၂၀၁၄ခုနှစ်ကတည်းက သီးခြားစီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူ ဒါရိုက်တာကိုလည်း သီးခြားခွဲထွက်ပြီး ဘာဂါကင်းစားသုံးကုန်လုပ်ငန်းအြဖစ် သီးခြား ရပ်တည်လာတာဖြစ်ပါတယ်။

ဘာဂါကင်းလုပ်ငန်းစုနည်းတူ Tim Horton’s ကာနေဒီယံကော်ဖီနဲ့ တခြား စားသောက်ဆိုင်ခွဲတွေကိုလည်း ဘာဂါကင်းရဲ့ ကုမ္ပဏီအုပ်စုက သီးခြားလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အမေရိကန်နိုင်ငံအတွင်းက မြို့တစ်မြို့မှာ အနည်းဆုံးဘာဂါကင်းနဲ့ဆက်စပ်တဲ့ ဆိုင်တစ်ဆိုင်ရှိတယ်လို့လည်း သိရပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်