ခြင်ကတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများ

84
Photo was proudly shared via internet.Thank you to honor the original image.

နိဒါန်း

အခုတလောကြားနေရသောသတင်းများတွင် ဆင်တုပ်ကွေးဟုခေါ်သော Chikungunya ရောဂါသည် အဖြစ်များလာသည်။ ထိုရောဂါသည် ခြင်ကတစ်ဆင့်ကူးစက်သောရောဂါဖြစ်သည်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ခြင်နှင့်နေ့စဉ်ထိတွေ့ရသောအခါ ရောဂါကူးစက်နိုင်ခြေအလွန်များသည်။ ယခုခြင်ကတစ်ဆင့်ကူးစက်ခံရနိုင်သည့် ရောဂါ အများကြီးရှိသည့်အနက် အဖြစ်များသည့်ရောဂါများကိုစုစည်းတင်ပြလိုက်ပါသည်။

သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေးရောဂါက Aedes ခြင်တွေကတစ်ဆင့် ကူးစက်ရရှိနိုင်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ခံစားရတဲ့ကလေးတွေမှာ အများစုက လက္ခဏာသိပ်မသိသာတတ်ပါဘူး။ အပျော့စားလက္ခဏာတွေဆိုရင် ရိုးရိုးဖျားတာ၊ တုပ်ကွေးတို့နဲ့ဆင်တူနေတတ်ပါတယ်။ ပြင်းထန်လာရင် ခန္ဓာကိုယ်တွင်း သွေးယိုခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်တာကြောင့် စောစောသိရှိပြီးကုသနိုင်ဖို့လိုပါတယ်။

Chikungunya (ဆင်တုပ်ကွေး)

ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့ Chikungunya ရောဂါဟာလည်း Aedes ကနေပဲ ကူးစက်ရရှိနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့အဖြစ်များတဲ့လက္ခဏာတွေကတော့ အဖျားတက်ခြင်းနဲ့ အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ပဲဖြစ်ပါတယ်။ တခြားလက္ခဏာတွေထဲမှာ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ခြင်းနဲ့ အရေပြားနီမြန်းခြင်းတို့ပါဝင်ပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါ

ဂျပန်ဦးနှောက်ရောင်ရောဂါက အာရှနိုင်ငံတွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး Culex ခြင်ကနေ ကူးစက်ခံရတဲ့ကလေးတွေမှာ ဦးနှောက်ရောင်ခြင်း၊ ကိုမာဖြစ်ခြင်းတို့လို လက္ခဏာတွေဖြစ်စေနိုင်ပါတယ်။ နောက်ဆုံးမှာ အသက်မဆုံးရှုံးရင်တောင် ဦးနှောက်ထိခိုက်မှု၊ ဦးနှောက်တစ်သျူးတွေပျက်စီးမှုကြောင့် နောက်ဆက်တွဲချို့ယွင်းမှုတွေ ကျန်ရစ်စေခဲ့နိုင်လောက်တဲ့ အန္တရာယ်ရှိပါတယ်။

ငှက်ဖျားရောဂါ

ငှက်ဖျားဗိုင်းရပ်စ်ကိုတော့ Anopheles ခြင်တွေကြောင့်ကူးစက်ဖြစ်ပွားစေတာဖြစ်ပါတယ်။ Plasmodium ကပ်ပါးပိုးသယ်ဆောင်လာတဲ့ ခြင်အကိုက်ခံရရင် အဲဒီပိုးက သွေးကြောထဲရောက်မယ်။ အသည်းဆီ ရောက်တဲ့အခါ အရေအတွက်ပွားများလာပြီး သွေးနီဥဆဲလ်တွေကိုဖျက်ဆီးမယ်။ ငှက်ဖျားကို သေချာကုသမှုမခံယူရင် အဖျားကြီးတာ၊ ပျို့အန်တာတွေစတဲ့ လက္ခဏာတွေကနေ ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်ပျက်ယွင်းတာ၊ အသက်ဆုံးရှုံးတာတွေအထိ ဖြစ်လာစေနိုင်ပါတယ်။

ဆင်ခြေထောက်ရောဂါ

ဆင်ခြေထောက်ရောဂါက လက်နဲ့ခြေထောက်တွေမှာ အဆမတန်ရောင်ရမ်းမှုဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။ သူက Filarial Worm လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ကူးစက်တာပါ။ ကပ်ပါးပိုးရှိနေတဲ့လူကို ကိုက်ခဲ့တဲ့ ခြင်ကတစ်ဆင့် နောက်တစ်ဦးကို ကူးစက်ပြန့်ပွားစေတာဖြစ်ပြီး ရောဂါပိုးက လူ့ခန္ဓာကိုယ်ရဲ့ ပြန်ရည်ကြောစနစ်အတွင်း ရှင်သန်နေထိုင်တာဖြစ်ပါတယ်။ အဆမတန်ရောင်ရမ်းလာတဲ့ ခြေလက်တွေနဲ့ ပုံမှန်လှုပ်ရှားနေထိုင်မှုမှာ ပြဿနာရှိလာပြီး ခြေလက်တွေမှာ တခြားရောဂါပိုးတွေပါ ဝင်စေနိုင်ပါတယ်။

နိဂုံး

ခြင်မှတစ်ဆင့်ကူးစက်သောရောဂါများသည်ကလေးသူငယ်များတွင်အဖြစ်များသည်။ ထိ့ုကြောင့်ကလေးသူငယ်များကို ခြင်မကိုက်ခံရအောင်ကာကွယ်ထားသင့်သည်။ ကလေးကို တတ်နိုင်သလောက် လုံလုံခြုံခြုံဝတ်ဆင်ပေးပါ။ အနံ့ပြင်းတာတွေ ရှောင်ပါ။ ပန်းနံ့ သို့မဟုတ် သစ်သီးနံ့နဲ့ ရေမွှေးနံ့တွေကို ခြင်တွေနှစ်သက်ပါသည်။ အရည်အသွေးပြည့် ခြင်ဆေးကောင်းကောင်းကိုသုံးပါ။ အိမ်နားဝန်းကျင်မှာ ခြင်ဆေးဖျန်းပါ။ အိပ်ရင် ခြင်ထောင်ထောင်ပေးပါ။ ရေဝပ်နိုင်တဲ့ အရာတွေကို ရှင်းပစ်ပါ။ အိမ်နဲ့ဝန်းကျင် သန့်ရှင်းမှု ဂရုစိုက်ပါ။ ထိ့ုပြင်ရောဂါလက္ခဏာများကိုအစဉ်သတိပြုနေသင့်ပါကြောင်းတင်ပြလိုက်ရပါသည်။ ။

ဒေါက်ဦး(မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်