ပင်လယ်ပြင်တွင် ခရီးသွားလုပ်ငန်း ခွင့်ပြုချက်ရ ကျွန်း ၁၂ကျွန်း ရှိ

36

ထားဝယ် မတ် ၂၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပင်လယ်ပြင်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်ရန် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုသည့် ကျွန်း၁၂ကျွန်းရှိကြောင်း တနင်္သာရီတိုင်း ဒသကြီးဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန တိုင်း ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။

“ယခုအချိန်အထိ MIC ခွင့်ပြုပြီး ကုမ္ပဏီ ၁၀ခု၊ ကျွန်း ၁၂ ကျွန်းရှိတယ်၊ နောက်ထပ် ၆ကျွန်းနဲ့ ကုမ္ပဏီ ၆ခု ခွင့်ပြုဖို့ ကျန်နေသေးတယ်”ဟု ဦးညိုအေး က ဆိုသည်။

ကော့သောင်းမြို့နယ်တွင် ၁၁ကျွန်း၊ ကျွန်းစုမြို့နယ်တွင် ၁ကျွန်း ခွင့်ပြုထားသည်။ ကော့သောင်းမြို့နယ် အင်းဝကျွန်း၊ သူဌေးကျွန်း၊ ရတနာကျွန်းတို့တွင် အဆိုပါလုပ်ငန်းဆောင်ရွက်ရန် ယခင်အစိုးရများလက်ထက်က ခွင့်ပြုခဲ့သည်။

ယခုအစိုးရလက်ထက်တွင် ညောင်ဦးဖီးကျွန်းကို ဟိုတယ်လိုင်စင်ချပေးခဲ့ပြီး ဝါးအလယ်ကျွန်း၊ ကျွန်းဖီလာကျွန်း၊ ဗိုလ်နက်ကျော်ကျွန်းတို့တွင် ယာယီလိုင်စင်ချပေးထားကြောင်း၎င်းက ပြောသည်။

ကော့သောင်းမြို့နယ်တွင် ထင်ရှားသည့် စောင်းကောက်ကျွန်းမှာ တိုင်းအစိုးရအဖွဲ့နှင့် စာချုပ်ချုပ်ဆိုခြင်းမရှိသေးကြောင်း သိရသည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလိုင်စင်ရရှိထားသည့် ကျွန်းမှအပ အခြားကျွန်းများတွင် ညအိပ်ခွင့်မပြု ကြောင်းစာထုတ်ပြန် တားမြစ်ထားသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်