ချောင်းဆုံမြို့နယ် ၂၃ ရွာတွင်ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကျပ်သိန်း ၁၀၀၀ ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည်

17
Photo was proudly shared via internet.Thank you to honor the original image.

ချောင်းဆုံ မတ် ၂၂

ချောင်းဆုံမြို့နယ်ရှိကျေးရွာ ၂၃ ရွာတွင်၂၀၁၈-၂၀၁၉ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးေရးရန်ပုံငွေကျပ်သိန်း ၁၀၀၀ ဖြင့်ကျေး ရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ရှိကြောင်းချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကသိရ သည်။

“ကျေးရွာတွေမှာလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း ၁၀၀၀ နဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ဒေသခံလွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်ကဌာနဆိုင်ရာတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ေဆွးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့တယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ကဆိုသည်။

ညှိနှိုင်းဆွေးနွေးချက်များအရ ချောင်းဆုံတိုးချဲ့ ၊ မရမ်း ၊ ဝယ်လမ်း ၊ ကော့ကဒိုက် ၊ ခရိုက်ဒူး ၊ ဖံဖ ၊ မုရစ်ကြီး ၊ ဇီးကုန်း ၊ မုကွဲ၊ တော်ပွန် ၊ တော်ကနာ ၊ ညောင်လန်း ကျေးရွာတို့တွင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပြီး ၊နှီးမုတ် ၊ ခရိုက်သစ် ၊ကွမ်လှာ ကျေးရွာများတွင်အုတ်စီရေမြောင်းလုပ်ငန်း ၊ ချောင်းဆုံ အနောက် ၊ ကုလားတို့ ၊ နှီးမုတ်ကျေးရွာတို့တွင်တံတားတည်ဆောက်ခြင်းလုပ်ငန်း ၊ ဟင်္သာကျွန်း ၊ ကရင် ဝင်းစိန်၊ ကလော့ ၊ တောင်စွန်း ၊ ဒေါင်းရပ်ကျေးရွာတို့တွင်ရေပေးေဝရေးလုပ်ငန်း ၊ ရေကန်ခြံစည်းရိုးကာခြင်း လုပ်ငန်းများ ၊ သက္ကောကျေးရွာတွင်ကျေးရွာဆိုင်းဘုတ်လုပ်ငန်းများ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

“မတ်လ ၁၈ ရက်နေ့မှာဖွံ့ဖြိုးရေးလုပ်ငန်းေတွဆောင်ရွက်ဖို့ညှိနှိုင်းဆွေးနွေးပြီးတာနဲ့ မတ်လ ၁၉ ရက်နေ့မှာ ငွေထုတ်ပေးပြီးဖြစ်တယ်”ဟုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ကဆိုသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့်ကျေးရွာများတွင်လုပ်ငန်းများလွဲမှားမှုမရှိစေရေး ၊ အရည်အသွေးပြည့်မီရေး စနစ်တကျဆောင်ရွက်ရန်လိုကြောင်း လိုအပ်ပါကသက်ဆိုင်ရာဌာနမှပညာရှင်များနှင့်ချိတ်ဆက်ဆောင်ရွက်ရန် လည်း ၎င်းကအကြံပြုသည်။

ချောင်းဆုံမြို့နယ်တွင်ကျေးရွာအုပ်စု ၄၆ စုဖြင့်ဖွဲ့စည်းထားပြီး နှစ်စဉ်ရရှိသော ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုး ရေးရန်ပုံငွေကျပ်သိန်း ၁၀၀၀ ကိုကျေးရွာအုပ်စု ၂၃ စုစီကိုနှစ်စဉ်ဖွံ့ဖြိုးရေးလုပ်ငန်းများအလှည့်ကျခွဲဝေ ဆောင်ရွက်ပေးနေကြောင်းချောင်းဆုံမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေးကပြောကြား သည်။

လွတ်လပ်မောင်

Advertisements

Leave a Reply