ဘိလပ်မြေတစ်အိတ် ကျပ် တစ်ထောင်ကျော်ဈေးမြင့်

45
Photo was proudly shared via internet.Thank you to honor the original image.

ချောင်းဆုံ မတ် ၂၁

ချောင်းဆုံမြို့နယ်တွင် ယခုရက်များအတွင်း ဆိုင်အချို့၌ ဘိလပ်မြေပြတ်လပ်မှုများရှိနေကြောင်း၊ ဈေးနှုန်းမှာလည်းတစ်အိတ်လျှင် ကျပ် တစ်ထောင်ကျော်ထိ မြင့်တက်လာကြောင်း သိရသည်။

“တပေါင်းလထဲမှာ အိမ်ပြင် ၊ အိမ်ဆောက်တဲ့သူတွေလည်းများတယ် ။ ဆင်တံဆိပ်ဘိလပ်မြေတစ်အိတ်ကို ကျပ် ၅၅၀၀ နဲ့ ရောင်းချနေရာက ပစ္စည်းတွေပြတ်သွားတယ် ။ ဈေးကွက်ကိုပြန်မှာတော့ဈေးနှုန်းေတွမြင့်နေတယ်လို့ သိရတယ် ။ အခုဆိုရင်တစ်အိတ်ကို ကျပ် ၆၅၀၀ကျော်နဲ့မှာယူနေရတယ် ။ ပစ္စည်းကလည်းမှာသလောက်မရဘူးဖြစ် နေတယ် ”ဟု ဒေသတွင်အိမ်ဆောက်ပစ္စည်းကိရိယာများရောင်းဝယ်သူ ဦးအို ကဆိုသည်။

ယခုနှစ်များအတွင်းဒေသတွင်သစ် ၊ ဝါးရှားပါးလာမှု ၊ ဈေးနှုန်းမြင့်တက်နေမှုကြောင့် သစ်အိမ်ထက် တိုက်အိမ် များကိုဆောက်လုပ်လာကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အဆောက်အဦများဆောက်လုပ်ခြင်းတွင် ဘိလပ်မြေကိုမရှိမဖြစ်သုံးစွဲေနရကြောင်း ဒေသမှလက်သမားဆရာ ဦးတင်သိန်းကဆိုသည်။

“ဘိလပ်မြေဈေးတက်ရတဲ့အကြောင်းရင်းက ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာရှိတဲ့ဘိလပ်မြေစက်ရုံနှစ်ရုံမှာ ချို့ယွင်းမှုအပိုင်းတွေကိုပြင်ဆင်နေတာရယ်၊ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်းမှာ ကျောက်မိုင်းတွေပိတ် ထားရတဲ့အတွက်ကုန်ကြမ်းပြတ်လတ်မှုေတွရှိတယ်။ စက်ရုံပုံမှန်ပြန်လည်ပတ်နိုင်တဲ့အခါဈေးနှုန်းလည်းပုံမှန်အတိုင်းြပန်ဖြစ်လာနိုင်တယ်”ဟု ချောင်းဆုံမြို့နယ်မှ လုပ်ငန်းရှင် ဦးညွန့်ဝင်းကဆိုသည်။

လက်ရှိအခြေအနေအပေါ်မူတည်ပြီးကုန်သည်များဈေးကစားနေမှုအပေါ်နစ်နာမှုမရှိစေရန် အဆောက်အဦ ဆောက်လုပ်လိုသူများ ၊ ကွန်ကရစ်လမ်းခင်းလိုသူများ ဘိလပ်မြေ စက်ရုံများ ပုံမှန်လည် ပတ်နိုင်သည် အထိခေတ္တစောင့်ဆိုင်းပြီးမှလုပ်ငန်းများဆောင်ရွက်ကြရန်လည်း ၎င်းကအကြံပြုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်