မွေးစမှ ငါးနှစ်အထိ ကလေးများ ဖွံ့ဖြိုးရေး ပြည်သူများ ပူးပေါင်းပါဝင်ရန်လို

Photo was proudly shared via internet.Thank you to honor the original image.

မော်လမြိုင် မတ် ၂၂

မွေးစမှ ငါးနှစ်အထိ ကလေးငယ်များ ဖွံ့ဖြိုးရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင်လျက်ရှိပြီး ပြည်သူများပါ ပူးပေါင်း ပါဝင်ရန် လိုအပ်လျက်ရှိကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရဲမြတ်ဦးက ပြောသည်။

ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေး အခြေအနေတိုင်းတာ စမ်းစစ်ရေးနှင့် ပြန်လည်ထူထောင်ရေး (ECI) အတွက် နိုင်ငံတော်မှ ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး လက်ရှိ မွန်ပြည်နယ်တွင် ပေါင်မြို့နှင့် သထုံမြို့ကို ဧပြီလမှ စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာရဲမြတ်ဦးက ဆိုသည်။

ကလေးသူငယ်များသည် မွေးကင်းစမှ ငါးနှစ်အထိ ကလေးများ၏ ဖွံ့ဖြိုးမှုနှုန်းနောက်ကျခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ နာတာရှည် ရေဂါခံစားနေရသော ကလေးသူငယ်များနှင့် မသန်စွမ်း ကလေးများ၏ ဖွံ့ဖြိုးမှုနှုန်းကို နိုင်ငံတကာက သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် အညီ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Advertisements

ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ကလေးများ၏ အနာဂတ်ကောင်းမွန်စေပြီး သုံးဆမှ ၁၇ ဆအထိ ကောင်းမွန်လာစေရေးတွက် ပြည်သူများ ပူးပေါင်း ပါဝင်ရန် လိုအပ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အထက်ပါ လုပ်ငန်းစဉ် (ECI) လုပ်ဆောင်နိုင်ရန်အတွက် သထုံ၊ ပေါင် လူမှုဝန်ထမ်းဦးစီးဌာန ကျန်းမာရေး ဦးစီးဌာနနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များကို တစ်လ သင်တန်းပေးထားပြီး မတ်လ ၂၁ ရက်နေ့က သင်တန်း ပြီးဆုံးခဲ့ကြောင်း သိရသည်။

ယင်း လုပ်ငန်းစဉ်ကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင်လည်း လုပ်ဆောင်လျက်ရှိပြီး တိုင်းတစ်တိုင်း၏ သတ်မှတ်မြို့နယ်တွင်သာ လုပ်ဆောင်နိုင်သေးကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

တေဇ

Advertisements

Leave a Reply