ဒေသပြင်ပမှ စပါးများဝင်ရောက်နေ၍ စပါးတင်း ၁၀၀ ကျပ် ၂ သိန်းဝန်းကျင်စျေးကျ

ချောင်းဆုံ မတ် ၂၁

ချောင်းဆုံမြို့နယ်သို့ ဒေသပြင်ပမှ စပါးများဝင်ရောက်နေ၍ ဒေသတွင် စပါးတင်း ၁၀၀ ကို ကျပ် ၂ သိန်းဝန်းကျင် စျေးနှုန်းကျဆင်းနေကြောင်း သိရသည်။

“ရန်ကုန်ကကားကြီးတွေနဲ့ ပြင်ပစပါးတွေဒေသတွင်းကိုဝင်ရောက်လာတဲ့အတွက်ဒေသမှာစပါးစျေးတွေကျ လာတယ် ၊ အခုရက်ပိုင်းတွေမှာ ဆန်ချောအုပ်စုတင်း ၁၀၀ ကို ၁၂ သိန်းစျေးရှိတယ် ၊ ဆန်ကြမ်းအုပ်စုက ၆ သိန်းခွဲရှိတယ် ၊ မိုးစပါးပေါ်ချိန်က ဆန်ချောအုပ်စုတင်း ၁၀၀ ကို ကျပ် ၁၄ သိန်းကျော်ထိဖြစ်ခဲ့ပြီး ဆန်ကြမ်း အုပ်စုကတင်း ၁၀၀ ကို ကျပ် ၇ သိန်းခွဲ ၈ သိန်းထိပေါက်စျေးတွေရှိခဲ့အတွက်စပါးတင်း ၁၀၀ ကို ဒေသမှာ ကျပ် ၂ သိန်းဝန်းကျင်စျေး ကျနေတယ်”ဟု ဒေသခံ ဟာလာစက်လုပ်ငန်းရှင် ဒေါ်သန်းကဆိုသည်။

ယင်းအပြင် စပါးအရည်အသွေး နှင့် တင်းတောင်း အရွယ်အစားအပေါ်မူ တည်ပြီး စျေးနှုန်းကွာဟမှုများလည်းရှိကြောင်း ကွမ်ရိုက်ကျေးရွာက လယ်သမား ဦးညီလွင်ကဆိုသည်။

Advertisements

“ဒီကလယ်သမားအများစုကစပါးပေါ်ချိန်မှာကြိုက်စျေးတွေရလို့ ရောင်းတဲ့လူကများတယ် ၊ သိုလှောင်ထား တာနည်းတယ် ၊ တချို့လယ်သမားတွေဆိုရင်ဝမ်းစာေလာက်သာသိုလှောင်နိုင်ကြတယ်”ဟု ၎င်းကဆက် လက်ပြောသည်။

ဆန်စပါးရောင်းဝယ်သူ ဒေသခံ အများစုမှာ မော်လမြိုင်မြို့စျေးကွက်ကိုရပ်တည်နေရပြီး ပေါင် ၊ သထုံ ၊ ကျိုက္မရောမြို့နယ်တို့ကလည်းေဒသတွင်လာရောက်ဝယ်ယူနေသူများရှိေကြာင်း စပါးအရောင်းအဝယ်အေးနေ ကြောင်း ဒေသခံလယ်သမား ဦးလှိုင်မြင့်ကဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply