AA ထံမှ ခြိမ်းခြောက်စာနှင့် ကျည်ဆံရရှိထားသည့် ရဲစခန်းမှူး သေနတ်ဒဏ်ရာဖြင့်သေဆုံး

Photo : Myanmar Now

ကျော်လင်း / Myanmar Now

24/3/2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အပိုင် တိမ်ညိုတိုက်နယ် ကျေးရွာတွင် တာဝန်ကျနေသော စခန်းမှူး ရဲအုပ် ကျော်ကျော်လှအား မတ် ၂၃ ၇ နာရီ ၁၅ ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီး မြောက်ဦးပြည်သူ့ဆေးရုံတွင် သေဆုံးသွားသည်ဟု သတင်းရရှိသည်။

ရဲအုပ်ကျော်ကျော်လှမှာ မြောက်ဦးမြို့နယ် ဆင်အိုးချေကျေးရွာသားတစ်ဦးဖြစ်ပြီး လွန်ခဲ့သော သုံးလခန့်က ရက္ခိုင့်တပ်မတော် ခေါ် AA ထံမှ စာတစ်စောင်နှင့်ကျည်တစ်တောင့်အားလက်ခံရရှိထားသူလည်းဖြစ်သည်။ စခန်းအနီးမှ ထမင်းဆိုင်တွင် ထိုင်နေရာမှအမည် မသိသောသေနတ်သမားအုပ်စု တစ်စုက လာရောက်ပစ်ခတ်ခဲ့ပြီး ဘယ်ဖက်ရင်အုံမှာကျည်ဆံထိခဲ့ ပြီး သေဆုံးသွားခဲ့သည်ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံတချို့ကပြောသည်။

Advertisements
Photo : Myanmar Now

မြောက်ဦးခရိုင်ရုံးအားဖုန်းဖြင့်ဆက်သွယ်ရာတွင် “ဟုတ်တယ်။ ဖေ့စ်ဘုတ်ထဲမှာတက်နေတယ်။ အဲဒါ အမှန်ပဲ၊ တိမ်ညိုမှာဖြစ်တာပေါ့။ စခန်းဘေးနားမှာ ဆိုင်မှာ ဖြစ်တာပါ။ ဒီမှာအလုပ်ရှုပ်နေပါတယ်။ နာရေး ကိစ္စနဲ့။ ဖေ့စ်ဘုတ်ကိုတက်ကြည့်လိုက် အဲဒါအမှန်ပဲ” ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

“သေတယ်လို့တော့ပြောတာကြားပါတယ်။ ဘယ်လိုအခင်းအကျင်းဖြစ်တယ်လို့တော့မသိဘူး။ မေးလို့လည်းမရ ဘူး။ ဖြစ်စဉ်ကိုတိမ်ညို ရွာသားတွေကိုမေးရင်လည်း မပြောရဲမဆိုရဲဖြစ်နေကြပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရဲအုပ်ကျော်ကျော်လှသည် ရခိုင်ပြည်နယ် ပဋိပက္ခများမြင့်တက်လာခဲ့သည့် ကာလအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့် ခြောက်ဦးမြောက်ဖြစ်သည်။      ။

Advertisements

Leave a Reply