Advertisements

သံဖြူဇရပ်တွင် စိတ်ကြွဆေးပြား ၆၀၀ ကျော် ဖမ်းမိ

မော်လမြိုင် မတ် ၂၅

သံဖြူဇရပ်မြို့နယ် အောင်သာယာရပ်ကွက် နေအိမ်တစ်အိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ကျော် ကိုသံဖြူဇရပ်မြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များက မတ် ၂၅ ရက်တွင် ရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေ်ာပြပါ ရပ်ကွက် အနော်ရထာ(၅)လမ်းနေ ထွန်းအေး(ခ)ကွတ်တီလေး၏ နေအိမ်သို့ သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းကို နေအိမ်၌ အသင့်တွေ့ရကြောင်း၊ နောက်ဖေးဘက်သို့ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီး၍ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၁ ပြားနှင့် မူးယစ်ဆေးဝါးများ သုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

Advertisements

မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိခဲ့သူ ကိုထွန်းအေးကို သံဖြူဇရပ်မြို့မရဲစခန်းမှ မယ (ပ) ၁၂/၂၀၁၉၊ မူးယစ်ဆေးဝါး ပုဒ်မ-၁၉(က) အရ အမှုဖွင့်ထားကြောင်း သိရသည်။

ခေတ်မင်း

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်