ကော်ဖီမစ်အိတ်ခွံထဲ ထည့်ထားသည့် စိတ်ကြွဆေးပြားများ ဖမ်းမိ

22
Photo : Myanmar Police Force

မော်လမြိုင် မတ် ၂၅

မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်တွင် ကော်ဖီမစ်အိတ်ခွံအတွင်း စိတ်ကြွရူးသွပ်ဆေးပြား၈၀ ကျော် ထည့်ထားသည့် လူငယ်တစ်ဦးကို မတ် ၂၅ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်း အကူဌာနစုထံမှ သိရသည်။

ဖော်ပြပါ ရပ်ကွက် (၂၈) အိမ်စုရပ် သုခဝတီ (၁) လမ်းနေ ကိုဌေးခိုင် (၂၉ နှစ်) ၏ အိမ်ကို သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ၎င်း၏ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ Birdy ကော်ဖီမစ်အိတ်ခွံဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၁ ပြားနှင့် မူးယစ်ဆေးဝါးများ ရောင်းရငွေဟု ယူဆရသော ငွေစက္ကူရောရာ ကျပ် သုံးသောင်းကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိရဲအရာရှိက ပြောသည်။

ထို့နောက် နေအိမ်အတွင်း ထပ်မံရှာဖွေရာ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းအချို့ကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ကိုဌေးခိုင်ကို ဇေယျာသီရိနယ်မြေရဲစခန်းမှ မယ (ပ) ၃/ ၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၉ (က)/ ၂၀ (က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ခေတ်မင်း

Advertisements

Leave a Reply