ထိုင်း ဒီမိုကရက်တစ်ခေါင်းဆောင် ရွေးကောက်ပွဲအပြီးတွင် ရာထူးမှ နုတ်ထွက်

29

ဘန်ကောက် မတ် ၂၅

ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ် (Abhisit Vejjajiva) သည် အထွေထွေရွေးကောက်ပွဲ၌ ၎င်းပါတီကမျှော်လင့်ထားသည့် မဲအရေအတွက် မရရှိဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း မတ်လ ၂၄ရက်နေ့ ရွေးကောက်ပွဲအပြီးတွင်ပြောသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်သည် မတ် ၂၄ ရက်ရွေးကောက်ပွဲအပြီး၌ ၎င်း၏ နုတ်ထွက်မှုကို ကြေညာခဲ့ကြောင်း သိရသည်။၎င်းသည် နိုင်ငံရေးအလုပ်များတွင် ဆက်လက်နှစ်မြှုပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း နှင့် ၎င်းအား ထောက်ခံသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထိုင်းရွေးကောက်ပွဲကျင်းပရန် နိုင်ငံအဝန်းတွင် မဲရုံပေါင်း ၉ဝဝဝဝ ခန့် ဖွင့်လှစ်ထား ပြီး ထိုင်းပြည်သူများက ပါလီမန်အမတ် ၅ဝဝ ခန့်အား ရွေးချယ်ကာ ဆန္ဒမဲပေးခဲ့ကြသည်။

ယခုကျင်းပသော ရွေးကောက်ပွဲသည် ၂ဝ၁၄ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ပထမဆုံး အကြိမ်ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးခြင်းသည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရန်နှင့် ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ထိုင်း တပ်မတော်က ဆိုသည်။

၂ဝ၁၄ ခုနှစ် တပ်မတော်မှ အာဏာသိမ်းခဲ့ပြီး နောက် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ပရာယုချန်အိုချာ က ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်အား ဆက်လက်အုပ်ချုပ်ခဲ့ သည်။ ထို့ပြင် ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့က နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ပြီး ယခုကျင်းပသည့် ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတော်တာဝန် များကို ဆက်လက်ထမ်းရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

နိုင်ငံအတွင်း ဒီမိုကရေစီစနစ် ရှင်သန်လာစေရန် ရည်ရွယ်သည့်ပါတီများက ပြည်သူများ၏ ထောက်ခံမှုပိုမို ရရှိမည်ဖြစ်သည်။

အမှန်တကယ်မဲပေးမှုစစ်တမ်းများ နှင့် တစ်စိတ်တစ်ပိုင်း မဲရလဒ်များအရ ဒီမိုကရက်တစ်ပါတီသည် အမတ်နေရာ ၈၈နေရာ အနိုင်ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဘီဆစ် က ၎င်း၏ ပါတီအနေဖြင့် အမတ်နေရာ ၁၀၀ အောက် ရရှိပါက ရာထူးမှနုတ်ထွက်သွားမည် ဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

Bangkok Post

Advertisements

Leave a Reply