ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေး မေလအတွင်း ကျင်းပမည်

ပြုံယမ်း မတ် ၂၅

အနောက်နိုင်ငံမှ စစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် စံထားရပ်တည်နေသည့် ရုရှားနိုင်ငံနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ကြား ထိပ်သီးခေါင်းဆောင်တွေတွေ့ဆုံပွဲကို လာမယ့် မေလအတွင်းမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲကျင်းပဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ထိပ်တန်းအကြံပေးဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကိုသွားရောက်ပြီး အစည်းအဝေးကျင်းပဖို့အတွက် ကြိုတင်စီစဉ်မှုတွေလုပ်နေပါတယ်လို့ မတ်လ ၂၅ရက်နေ့မှာ မြောက်ကိုရီးယား ပြန်ကြားရေးအဖွဲ့က တရားဝင် ထုတ်ပြန်ထားပါတယ်။

ကင်ဂျုံအန်းရဲ့ အကြံပေးဟာ မော်စကိုမြို့ကို မတ်လ ၁၉ရက်နေ့ကတည်းကရောက်ခဲ့တာဖြစ်ပြီး အခြား မြို့တွေဖြစ်တဲ့ ဗလာဒီဗိုစတော့ခ်မြို့အပါအဝင် မြို့ ၅မြို့ကိုသွားရောက်ပြီး တွေ့ဆုံပွဲကျင်းပဖို့ စီမံဆောင်ရွက် မှုတွေကို ရုရှားအစိုးရနဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ သီးသန့်တွေ့ဆုံပွဲဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့အတွက် စိန်ခေါ်မှု ကြီးကြီးမားမားဖြစ်လာနိုင်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အထူးသဖြင့် မကြာသေးခင်က အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနဲ့မြောက်ကိုရီးယားနိုင်ငံဘက်ကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာကြောင့် ရုရှားနိုင်ငံဟာ သူတို့ရဲ့ စီးပွားရေးထွက်ပေါက်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ထိပ်သီးဆွေးနွေးပွဲကျင်းပမဲ့ရက်ကို အတိအကျ မထုတ်ပြန်သေးပေမဲ့ အစည်းအဝေးမဖြစ်မနေကျင်းပမယ် ဆိုတာကတော့ သေချာသလောက်ရှိနေပြီလို့ မြောက်ကိုရီးယားပြန်ကြားရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဟာ ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံခဲ့ပေမဲ့ အစည်းအဝေးဟာ ထင်သလောက်အားရစရာမရှိခဲ့ပဲ စီးပွားရေးပိတ်ဆို့မှုတွေက ယခင်အတိုင်းရှိနေစမြဲပဲ ဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ ဆွေးနွေးပွဲပူးပေါင်းမှု အောင်မြင်ပါက မြောက်ကိုရီယားဟာ အမေရိကန်ကို အရေးစိုက်စရာမလို တော့သလို ယခင်လုပ်ဆောင်နေဆဲဖြစ်တဲ့ နျူစမ်းသပ်မှုတွေကိုလည်း အသစ်ပြန်လည်စတင်လာနိုင်ဖွယ်ရာ ရှိနေပါတယ်။

NHK

Leave a Reply