Advertisements

ပြီးခဲ့သည့် လွှတ်တော်မြင်ကွင်း

ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်

လျှမ်းထက်

ဒုတိယအကြိမ်ဖြစ်သော လွှတ်တော်အရပ်ရပ်၏ ပုံမှန်အစည်းအဝေးများမှာ ပြီးခဲ့သည့် မတ်လလယ်တွင် အထမြောက် ပြီးစီးခဲ့ပြီဖြစ်သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများပင်။

ပြည်သူ့လွှတ်တော်

ယခုတစ်ကြိမ်တွင် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးများကို ၂၅ ရက်ကြာ ပြုလုပ်ခဲ့သည်။ ဇန်နဝါရီ တတိယပတ်အစမှသည် မတ်လ ဒုတိယပတ်ထိ ကြားကာလတွင် ဖြစ်သည်။
ယင်းကာလတွင် ကြယ်ပွင့်ပြ မေးခွန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ နှုတ်ဖြေ ၁၇၂ ခု ၊ စာဖြေ ၈ ခု ပြုလုပ်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

Advertisements

ကြယ်ပွင့်မပြမေးခွန်း ဆောင်ရွက်မှု အဖြေမှာ ၇၈၇ ခုရှိခဲ့သည်။ မေးခွန်းအားလုံးအပေါ် စုစုပေါင်း ဖြေဆိုမှုမှာ ၉၆၇ ခု ရှိခဲ့သည်။

ပထမအကြိမ် လွှတ်တော်သက်တမ်း ပါ ထည့်သွင်းရေတွက်ရသော် ပြည်သူ့လွှတ်တော်သည် ယခုအကြိမ်ထိ အစည်းအဝေး ကျင်းပသည့်ရက်ပေါင်း ၃၁၀ သို့ တိုင်ခဲ့ချေပြီ။

သက်တမ်းတစ်လျှောက်တွင် ကြယ်ပွင့်ပြ မေးခွန်း နှုတ်ဖြေ ၁၆၃၇ ခု၊ စာဖြေ ၃၄၅ ခု ၊ ကြယ်ပွင့်မပြ မေးခွန်း ၆၄၆၈ ခု ရှိခဲ့သည်ဖြစ်ရာ စုစုပေါင်း ဖြေဆိုမှုကို အပြည့်အစုံ အတိအကျ ဆိုရလျှင် ၈၄၅၀ တိုင်ခဲ့ပြီဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

မဲဆန္ဒနယ် တစ်ခုအတွက်သာ ရည်ရွယ် မေးခွန်းထုတ်ခြင်းမျိုး မဟုတ်မူဘဲ အများပြည်သူအလို့ငှာ ကိုယ်စားပြု မေးခွန်း များစွာကို မေးမြန်းထားကြောင်း အစည်းအဝေးမှတ်တမ်းများကို လေ့လာချက်အရ သုံးသပ်တွေ့ရှိသည်။

အောင်ဘာလေ သိန်းထီ လက်မှတ်ကို သတ်မှတ် ဈေးနှုန်းအတိုင်းသာ ဝယ်ယူရရှိနိုင်ရေး၊ နှုန်းထား ပိုမို ရောင်းချပါက ဆက်လက်ဆောင်ရွက်မည့် အစီအမံကို မေးခွန်းထုတ်ခဲ့ခြင်းမျိုး၊ စားသုံးသူ အခွင့်အရေး ချိုးဖောက်နေသည့် ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများအပေါ် ကြပ်မတ်စိစစ် အရေးယူရန် ရှိမရှိ မေးခွန်းမျိုး၊ တရားရုံးတွင် အမှုပွဲစား ပပျောက်ရေး စီမံနေမှု အနေအထားအပေါ် မေးခွန်းမျိုး ပါဝင်ခဲ့သည်။

အဆိုတင်သွင်းဆွေးနွေးမှု အပိုင်းတွင် အတည်ပြု ၉ ခု ၊ မှတ်တမ်းတင် ၄ ခု ၊ ဆက်မဆွေးနွေးရန် ၂ ခု ၊ ပေါင်း ၁၅ ခု တင်သွင်းခဲ့သည်.
ယင်းမှာ လွှတ်တော် သက်တမ်းတစ်လျှောက်တွင် အဆိုပေါင်း ၁၂၅ ခု ပြည့်မြောက်ခြင်းလည်းဖြစ်သည်။

ရာသီဥတုဖောက်ပြန်သော ဒဏ်ဖြေရှင်းနိုင်ရန် အရန်သီးနှံမျိုး၊ အရန်စပါး၊ အရန်ဆန်၊ အရန်ရိက္ခာသိုလှောင်ထားရှိရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆို၊ မြို့ပြများတွင် ရာဇဝတ်မှု ကာကွယ်တားဆီးရေး ဦးစားပေးအဆင့် ဆောင်ရွက်ပေးရန်အဆိုတို့ ပါဝင်သည်။

အမျိုးသားလွှတ်တော်

ပြည်သူ့လွှတ်တော် အစည်းအဝေးများနှင့် ကာလတူ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်တွင် ကြယ် ပွင့်ပြမေးခွန်း ၁၂၁ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၃၀၃ ခုတို့ မေးမြန်းခဲ့ကြောင်း တွေ့ရသည်။

စပါးခွံလောင်စာသုံး ဆန်စက်တွေအပေါ် ကြပ်မတ် စစ်ဆေးအရေးယူပေးရန် မေးခွန်း၊ အ ကျဉ်းသား အခွင့်အရေးနစ်နာမှု၊ ထောင်ဝန်ထမ်းဦးရေ ဖွဲ့စည်းပုံမပြည့်မီ၍ ကြပ်မတ်ဆောင်ရွက်ရန် အခက်အခဲ၊ ဝန်ထမ်း အပြောင်းအရွှေ့၊ ရာထူးကိစ္စတို့တွင် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရေးဆိုင်ရာမေးခွန်းများ ပါဝင်မေးမြန်းထားသည်။ အဆိုတင်သွင်းဆွေးနွေးမှု အပိုင်းတွင် သုံးခုတင်သွင်းဆွေးနွေးပြီး အ တည်ပြုခဲ့သည်။ ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေးအဆို၊ အမျိုးသား မြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်ရန်အဆို၊ မြေပုံစနစ်ပြုစုရေး၊ မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်း ချမှတ် ဆောင်ရွက်ရေးအဆိုတို့ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်

ကျင်းပရက် ၁၆ ရက်ရှိခဲ့ပြီး အဆိုနှစ်ခုမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့ကြသည်။ ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် အရေးကြီးအဆိုနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက် အား ကုလသမဂ္ဂအထွေထွေညီ လာခံတွင် ယခုလမကုန်မီ အ တည်ပြုနိုင်ရန် စဉ်ဆက်မပြတ် လုပ်ဆောင်နေမှုများသည် မြန်မာ နိုင်ငံ၏ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းစဉ်အား အကျပ် အတည်းအတွင်း တွန်းပို့ပြီး နိုင်ငံ တော်ပြိုကွဲပျက်စီးရေး ထောင် ချောက်ဆင်ထားသည့် နိုင်ငံရေး Agenda ကို ဖော်ဆောင်နေခြင်း ဖြစ်၍ ပြည်ထောင်စုသမ္မတ မြန် မာနိုင်ငံတော်၏ နိုင်ငံသားအား လုံး ပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အစွဲကင်းကင်းဖြင့် စည်း လုံးညီညွတ်စွာ ထိထိရောက် ရောက် တုံ့ပြန်သွားရေး စီမံဆောင် ရွက်သွားပါရန် နိုင်ငံတော်အစိုးရ ထံ တိုက်တွန်းကြောင်း အဆိုတို့ ဖြစ်သည်။

ပထမအဆိုကိုအတည်ပြုနိုင်ခဲ့ပြီး ဒုတိယတစ်ခုမှာ မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

ဥပဒေပြုအပိုင်းကို ကြည့် မယ်ဆိုရင် ဥပဒေကြမ်း ၁၃ ခုကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ရာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ၊ ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေတို့ပါဝင်ခဲ့သည်။ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဥပဒေများကို နောင်လာမည့် အကြိမ်တွင် ထပ်မံ ဆောင်ရွက်ရန် ရှိနေသည်။

ယခုတစ်ကြိမ် ပုံမှန်အစည်းအဝေးမှာ ပြည်သူ့လွှတ်တေ်ာ နှင့် အမျိုးသားလွှတ်တော်မှာ ကျင်းပရက် ၂၅ ရက်စီ ၊ ပြည်ထောင်စုလွှတ်တော်မှာ ၁၆ ရက် အသီးသီး ရှိခဲ့ကြောင်း လွှတ်တေ်ာ အစည်းအဝေး မှတ်တမ်းများအရ သိရသည်။လွှတ်တော်ပြက္ခဒိန်အရ လာမည့် သြင်္ကန်အပြီး ဧပြီ ၂၂ ရက်မှ ဇွန်လ ၇ ရက်အထိတွင် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဆက်လက် ကျင်းပရန် ရှိနေသည်။

လျှမ်းထက်

Advertisements

Leave a Reply