Advertisements

မုခနီး-ကွမ်လမိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း စက်တင်ဘာ အပြီး ခင်းကျင်းမည်

ချောင်းဆုံ မတ် ၂၂

လွတ်လပ်မောင်(ယက္ခမြေ)

ချောင်းဆုံမြို့နယ်တွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုဘတ်ဂျက်ငွေကျပ် ၂၅၁ဒသမ ၅ သန်းဖြင့် မုခနီး-ကွမ်လမိုင်းကျေးရွာချင်းဆက်လမ်းကွန် ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ထံမှ သိရသည်။

“မုခနီး -ကွမ်လမိုင်း(ပိုင်ကဒါးရှမ်းစု-သက္ကော) ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းက လမ်းအရှည် ၁ဒသမ ၅ မိုင် ၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၇ လက္မ ဖြစ်တယ် ။လုပ်ငန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းမှာ လုပ်ငန်းကို အပြီးသတ်ဆောင်ရွက် ရမှာဖြစ်တယ်”ဟု လမ်းအကောင်အထည်ဖော် လုပ်ကိုင်ခွင့်ရ ကြယ်စင်သုခကုမ္ပဏီမှ လုပ်ငန်းကြီးကြပ် သူ ဦးဌေးလင်းကဆိုသည်။

Advertisements

အဆိုပါကျေးရွာချင်းဆက်လမ်းမှာ မူလမြေသားလမ်းဖြစ်ပြီး ချောင်းဆုံမြို့နယ်ရှိ တောင်အရှေ့နှင့် အနောက်ကျေးရွာများကိုဆက်သွယ်သွားလာနိုင်သည့်တောင်ဖြတ်လမ်းတစ်ခုြဖစ်ကြောင်းဒေသခံများကတဆင့် သိရသည်။

လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက မုခနီး ၊ မုကွဲ ၊ ကလော့၊နှီးမုတ် ၊ ကရင်ဝင်းစိန် ၊ စော်ကဲ ၊ ကမနင်း ၊ ပိုင်ကဒါး ၊ မုရစ်ကြီးကျေးရွာများက တောင်အရှေ့ ပိုင်းရှိကျေးရွာများနှင့် မော်လမြိုင်မြို့ကိုအချိန်တိုအတွင်းဆက်သွယ်သွားလာနိုင်တော့မည်ဖြစ်ကြောင်း ကရင်ဝင်းစိန်ကျေးရွာခံ ဦးလှမြင့်ကဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply