ဝက်တုပ်ကွေး (H1N1) သမိုင်း

ယခုတလောစျေးထဲတွင်ကြားနေသည်ကား ဝက်တုပ်ကွေးရောဂါ ပြန်ဖြစ်နေတယ်ဆိုသော သတင်းပင်ဖြစ်တယ်။ အရပ်ထဲတွင်ဝက်နားရွက်ပြာရောဂါြဖစ်နေတယ်လို့ခေါ်ကြတယ်။ ကျန်းမာရေးဌာနကတော့ အာဖရိကန်ဝက်တုပ်ကွေးဟုဆိုကြတယ်။

ဝက်တွင်သာအဖြစ်များသောရောဂါဖြစ်တယ်။ သို့သော်လူတွေက ဝက်တုပ်ကွေးနဲ့ ဝက်နားရွက်ပြာရောဂါအကြောင်းကိုကွဲပြားစေရန် ဝက်တုပ်ကွေးရောဂါအကြောင်းကို တင်ြပေပးလိုက္ပါရေစ။

ဝက်တုပ်ကွေးလို့ခေါ်တဲ့ Swine Flu ( H1N1 ) ဟာ ၁၉၁၈ ခုနှစ်ခန့်က Mexico(မက်ဆီကို) နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒီဝက်တုပ်ကွေးက ရိုးရိုးတုပ်ကွေး(Flu virus) ကနေ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ခဲ့တာဖြစ်ပြီး၊ အမျိုးအစားများစွာ ရှိပါတယ်။

ကပ်ရောဂါ သဖွယ် ရာစုနှစ်အလိုက် ဖြစ်ပွားတတ်ပြီး ကမ္ဘာမှာ စပိန် တုပ်ကွေး လို့ခေါ်တဲ့ H1N1 ဗိုင်းရပ်ပိုးကို ၁၉၁၈ ခုနှစ်ကနေ ၁၉၂၀ အတွင်း အများဆုံး တွေ့ခဲ့ရပြီး လူပေါင်း သန်း ၅၀ ကနေ ၁၀၀ ခန့် သေဆုံးစေခဲ့တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

၂၀၀၉ ခုနှစ်မှာလည်း အပြင်းအထန် ဖြစ်ပွားခဲ့ဖူးပါတယ်။ အခု ၂၀၁၇ မှာတော့ အိန္ဒိယနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီဝက်တုပ်ကွေးရောဂါဟာ H1N1 ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားတတ်ပြီး ရောဂါ ရှိသူများက တစ်ဆင့် နှာချေခြင်း ၊ ချောင်းဆိုးခြင်းတို့မှ ကူးစက်တတ်ပါတယ်။

ဒါ့အပြင် ချွဲသလိပ်များ ၊ နှာရည်များမှ တစ်ဆင့်လည်း ကူးစက်တတ်ပါသေးတယ်။

* ဝက်သားစားခြင်းမှ တစ်ဆင့် ကူးစက်နိုင်သည်ဟု ယနေ့အထိ အထောက်အထားများမှ အရ ခိုင်လုံစွာ မတွေ့ရှိရသေးပါဘူး။ *

#ဝက်တုပ်ကွေးရောဂါ လက္ခဏာတွေက ???

၁။ အဖျားတက်ခြင်း (အဖျား 37.8°C နှင့် အထက်) (3 ရက်နှင့် အထက်ဖျားခြင်း။)

၂။ ချောင်းဆိုးခြင်း

၃။ နှာရည်ယို နှာစေးခြင်း

၄။ ခေါင်းကိုက်ခြင်း

၅။ ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း

၆။ အသက်ရှုကျပ်ခြင်း

၇။ မောပန်း နွမ်းနယ်ခြင်း

၈။ ပြင်းထန်ပါက သတိလစ်မေ့မြောခြင်းတွေ အထိ ဖြစ်တတ်ပါတယ်

ဝက်တုပ်ကွေးခေါ် (အချို့က ကြက်ငှက်တုပ်ကွေးလို့ ခေါ်ပါတယ်။) ရောဂါကာကွယ်ဖို့က တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်နှုတ်ဆက်ခြင်း သတိထားပါ။ လက်မှန်မှန်ဆေးပါ၊ လက်မဆေးဘဲ ကိုယ်ခန္ဓာကို လျှောက်မကိုင်ပါနဲ့။ ရောဂါကို ကာကွယ်ကုသနိုင်ဖို့အတွက် Oseltamivir ( Tamiflu ) ဆေးတော့ ရှိပါတယ်။

ဒါပေမဲ့ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းမွန်ပါတယ်။ ဒါကြောင့် ဖျားနာလာပြီးဆိုရင် မပေါ့ဆပါနဲ့။ ဒီရောဂါ ဖြစ်နေလားဆိုတာ သိနိုင်အောင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ မိမိသဘောအလျောက် စပ်ဆေးတွေ မသောက်သင့်ပါဘူး။ ရောဂါပိုး ကူးစက်ခံရမှုမှ ကာကွယ်ရန်အတွက် လက်ကို မကြာခဏ စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။

လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားသင့်ပါတယ်။ မဖြစ်မနေ သွားရမယ်ဆိုရင် အထူးပြုလုပ်ထားတဲ့ မျက်နှာစည်းများ ဝတ်ဆင်သင့်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်း ၊ အာဟာရမျှတစွာ စားသုံးနေထိုင်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။ သက်ကြီးရွယ်အိုများ ၊ ကလေးသူငယ်များ ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါကို ခံစားနေရသော လူနာများအနေနှင့် ရောဂါ ဖြစ်ပွားလာလျှင် ပိုမိုပြင်းထန်နိုင်တဲ့အတွက် အထူးဂရုပြု ဆင်ခြင်သင့်ပါတယ်။

ဒီရောဂါဟာ ကူးစက်မြန် ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ပြီး အသက်သေဆုံးနိုင်သည့်အထိ ဖြစ်ပွားနိုင်တဲ့အတွက် အထူးသတိပြု ဆင်ခြင်ကြပါလို့ တိုက်တွန်းရင်း သတိပေးအပ်ပါတယ်။

ဒေါက်ဦး(မွန်)

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်