သံဖြူဇရပ်မြို့နယ်တွင် အခြေခံ စက်ချုပ်သင်တန်း ပို့ချမည်

13

မော်လမြိုင် မတ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအတွက် အခြေခံစက်ချုပ်သင်တန်း ပို့ချရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင် ကပြောသည်။

ကျေးရွာအရောက် မိမိတို့ စက်ပစ္စည်းများဖြင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် အခြေခံစက်ချုပ်သင်တန်း ပေးပြီး ကျေးလက်နေပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖန်တီးပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ မုပ္ပလင် အထည်ချုပ်စက်ရုံတွင် အခြေခံ စက်ချုပ်သင်တန်း သင်ကြားပေးထားသည့် ကျွမ်းကျင် သင်တန်းသူ ၁၅ ဦးအပြင် သင်တန်းဆင်းသူ ခုနစ်ဦး၊ စက်အလုံး နှစ်ဆယ်ဖြင့် လည်ပတ်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် သင်တန်းတက်ရောက်ထားသည့် သင်တန်းသား သင်တန်းသူများအတွက် လှိုင်သာယာ စက်မှုဇုန်တွင်လည်း အလုပ်အကိုင်ရရှိအောင် လုပ်ဆောင်ထားပေးကြောင်း ၎င်းက ထပ်လောင်းပြောသည်။

မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်မှာ ဦးဆောင်၍ အခြေခံ စက်ချုပ်သင်တန်းအပြင် အခြေခံ လျှပ်စစ်ကျွမ်းကျင် သင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာ သင်တန်းနှင့် လူထုကျန်းမာရေး အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တေဇ

==

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်