အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် ဂျပန်များကို ထိုင်းရဲဖမ်းဆီး

10

ဘန်ကောက် ဧပြီ

လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အွန်လိုင်းအသုံးပြုသူများကို ပစ်မှတ်ထားကာ ငွေကြေးလိမ်လည်နေသည့် ဂျပန်နိုင်ငံသားများကို ထိုင်းရဲအရာရှိများက ဖမ်းဆီးရရှိခဲ့ကြောင်း မတ်လ ၃၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဂျပန်နိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ငွေလွှဲလုပ်ငန်းတည်ထောင်ကာ လိမ်လည်မှုများကို အွန်လိုင်းမှ တစ်ဆင့် ရယူခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဂျပန်နိုင်ငံသားများ ရယူခဲ့သည့် ငွေကြေးပမာဏသည် တစ်လအတွင်း အမေရိကန်ဒေါ်လာ ရှစ်သိန်းကျော်ရှိခဲ့ပြီး ဂျပန်နိုင်ငံသား ၁၅ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဂျပန်နိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် တရားမဝင် အိမ်ငှားရမ်းနေထိုင်ခြင်းဖြစ်ပြီး ပတ္တရားမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသော စာရင်းများအရ အလိမ်ခံရသူများထဲတွင် ထိုင်းနိုင်ငံတွင်နေထိုင်သည့် ဂျပန်နိုင်ငံသား ၅၀၀ကျော်ပါဝင်ပြီး ထိုင်းနိုင်ငံသားအချို့လည်း ပါဝင်သည်။

လိမ်လည်သည့်အဖွဲ့သည် ခြောက်လအတွင်း အိပ်ခန်းငါးခန်းပါသော အိမ်အကြီးအထိ ငှားရမ်းကာ လုပ်ငန်းချဲ့ထွင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အဖမ်းဆီးခံရသည့် ဂျပန်များသည် ထိုင်းရဲများ၏ မေးမြန်းမှုများကို ဖြေဆိုရန် ငြင်းဆန်လျက်ရှိပြီး ဂျပန်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စစ်ဆေးမှုလုပ်မည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Bangkok Post

==

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်