မက္ကစီကို – အမေရိက တံတိုင်းပြဿနာကြောင့် အမေရိကန်တွင် ထောပတ်သီးပြတ်လပ်ဖွယ်ရှိ

22

နယူးယောက် ဧပြီ ၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မက္ကစီကိုနဲ့ အမေရိကန်နိုင်ငံကြားတံတိုင်းဆောက်လုပ်ဖို့ အစီအစဉ်ကြောင့် နှစ်နိုင်ငံကြားတင်းမာမှုတွေ ​ဖြစ်ပေါ်နေပါတယ်။

အထူးသဖြင့် တံတိုင်းဆောက်လုပ်မှာကိုမလိုလားတဲ့ မက္ကစီကိုနိုင်ငံကအမေရိကန်ဘက်ကို တင်ပို့ကုန်တွေ ရပ်ဆိုင်းပစ်လိုက်ဖို့ စိုင်းပြင်းနေပါတယ်။

အမေရိကန်နိုင်ငံမှာ အဓိကစားသုံးနေတဲ့ ဘာဂါတွေ၊ ဆန်းဒဝစ်ရှ်တွေမှာထည့်တဲ့ ထောပတ်သီးတွေကို အဓိက မက္ကစီကိုနိုင်ငံကနေ တင်ပို့နေတာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်မှာရှိတဲ့ ဟင်းသီးဟင်းရွက် ရဲ့ ၄၅ရာခိုင်နှုန်းဟာ မက္ကစီကိုနိုင်ငံကလာတာဖြစ်ပါတယ်။

မက္ကစီကိုသာ တင်ပို့ကုန်တွေရပ်ပစ်လိုက်ရင်တော့ ထောပတ်သီးဈေးကွက်လုံးဝရပ်ဆိုင်းသွားဖွယ်ရှိနေတယ်လို့ စီးပွားရေးပညာရှင် စတီဗ်ဘန်းကပြောပါတယ်။ပို့ကုန်ရပ်ဆိုင်းပြီးတစ်ပတ်အတွင်း အမေရိကန်နိုင်ငံတွင်း ဟင်းသီးဟင်းရွက်တွေလုံးဝပြတ်လတ်သွားမယ်လို့ သူကသုံးသပ်ပါတယ်။

မက္ကစီကိုဟာအမေရိကန်ကိုသာမက သြစတေးလျနှင့် ဘရာဇီးနိုင်ငံကိုပါ ထောပတ်သီးတွေအဓိကတင်ပို့ နေတာပါ။မက္ကစီကိုရဲ့ အမေရိကကို တင်ပို့ကုန်ဟာ တစ်လကို အမေရိကန်ဒေါ်လာ သန်း၁၃၀၀ကျော်အထိ တန်ဖိုးရှိပါတယ်။

လက်ရှိမှာတော့ အမေရိကန်နိုင်ငံကို တံတားဆောက်လုပ်တာကိုမလုပ်ဖို့ မေတ္တာရပ်ခံထားပြီး စတင်အကောင်ထည်ဖော်တာနဲ့ တင်ပို့ကုန်တွေရပ်ပစ်မယ်လို့ မက္ကစီကိုနိုင်ငံဘက်က ကြေညာထားပါတယ်။လွန်ခဲ့တဲ့တစ်ပတ်က ထရန့်ရဲ့ တံတိုင်းရံပုံငွေတောင်းခံမှုသတင်းကြောင့် မက္ကစီကိုက ထောပတ်သီးတင်ပို့မှု ၂ရက် ရပ်တန့်ခဲ့ပြီး ပြတ်လပ်ကုန်တာကြောင့် အမေရိကန်နိုင်ငံတွင်းဆန္ဒပြမှုတွေ ရှိခဲ့ပါသေးတယ်။

သမ္မတထရန့်ကတော့ တင်ပို့ကုန်တွေနဲ့ နိုင်ငံတိုးတက်ရေးကို ခြိမ်းခြောက်တာကိုလက်မခံနိုင်ဘူးလို့ ပြောထားပါတယ်။

ပို့ကုန်တွေကိုလည်း အခြားနိုင်ငံတွေနဲ့ဆက်စပ်ပြီးတင်သွင်းနိုင်အောင်လုပ်မယ်လို့ မိန့်ခွန်းမှာထည့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ တင်ပို့ကုန်စားရိတ်ဟာ ၂ဆဖြစ်လာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်လာဦးမယ်လို့ စီးပွားရေးပညာရှင်တွေက ဝေဖန်ခဲ့ဖူးပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်