ဥက္ကဋ္ဌအသစ် ရွေးချယ်ပြီးကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

34

ဝါရှင်တန်၊ ဧပြီ ၆

ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ဥက္ကဋ္ဌအသစ်ကိုရွေးချယ်ပြီးစီးသွားပြီလို့ ဧပြီလ ၆ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာရေးရာလက်ထောက်ဝန်ကြီး ဒေးဗစ်မောပတ်ကို ရွေးလိုက်တာဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။ လာမဲ့ ဧပြီလ ၉ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး အစိုးရအဖွဲ့ကနေ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ်အရွေးချယ်ခံရဖူးတဲ့ ပထမဦးဆုံးပုဂ္ဂိုလ်လည်းဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ဇူလိုင်လမှာ အသက် ၆၄နှစ်ပြည့်နေတော့မဲ့ ဒေးဗစ်ကို ဒီ ရာထူးနေရာအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရွေးချယ်ပေးခဲ့တာဖြစ်ပြီး အလိုအလျောက် ခွင့်ပြုချက်နဲ့ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့က ဥက္ကဋ္ဌတင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ်ဟာ အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့စဉ်က သမ္မတထရန့်ရဲ့ လူယုံဖြစ်ခဲ့တာကြောင့် ဒီလိုရထားအတွက် အပြိုင်အဆိုင်မရှိဘဲအနိုင်ရခဲ့တာဖြစ်မယ်လို့ သုံးသပ်သူတွေက ထင်ကြေးပေးနေကြပါတယ်။

ထရန့်ရဲ့ လူယုံက ကမ္ဘာ့ဘဏ်ဥက္ကဌဖြစ်လာတာကြောင့် အမေရိကန်နိုင်ငံဟာ ကမ္ဘာစီးပွားရေးကိစ္စတွေမှာ ယခင်ထက် သြဇာလွှမ်းနိုင်ဖွယ်ရှိနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

မကြာသေးခင်ကာလက ဥက္ကဋ္ဌ နေရာအလွတ်အတွက် မစ္စ ခရစ္စတယ်လီနာက ယာယီတာဝန်ယူပေးခဲ့တာ ဖြစ်တာကြောင့် သူမကို အထူးကျေးဇူးတင်တယ်လို့ ဥက္ကဋ္ဌအသစ်က မီဒီယာတွေရှေ့မှာပြောခဲ့ပါသေးတယ်။

ယခင်က ကမ္ဘာဘဏ်ဥက္ကဋ္ဌရာထူးနေရာကို မစ္စတာ ဂျင်ယုံကင်က တာဝန်ယူခဲ့တာဖြစ်ပြီး တာဝန်ယူပြီး တစ်နှစ်အကြာ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ ရာထူးက နုတ်ထွက်မယ်ဆိုတဲ့အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

Ref: CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်