McDonald’s၏ ညသန်းခေါင် အိမ်အရောက်ပို့ ဝန်ဆောင်မှုမှာ အမျိုးအမည် အချို့လျှော့ချ

30

ကယ္လီဖိုးနီးယား၊ ဧၿပီ ၆

McDonald’s ရဲ့ ညဘက် အိမ်တိုင်ယာရောက် စားစရာတွေပို့ပေးတဲ့ ဝန်ဆောင်မှုကနေ မှာယူလို့ရတဲ့ အစားအသောက်အမယ်အချို့ကို လာမယ့် ဧပြီလကုန်ကနေစပြီး လျှော့ချဖို့ရှိတယ်လို့ ကုမ္ပဏီဘက်က ဒီကနေ့မနက်မှာ ကြေညာချက်ထုတ်ပါတယ်။ ဝန်ဆောင်မှုလျှော့ချမယ့် ရက်ကိုတော့ မေလ ၁ရက်နေ့ကနေ စတင်မှာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ထုတ်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါက လုံးဝ ဝန်ဆောင်မှုမပေးတော့တာမျိုးမဟုတ်ဘဲ မှာယူမှုနည်းတဲ့ အစားအသောက်အမျိုးစားတစ်ချို့ကိုသာ လျှော့ချလိုက်တာဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

ကမ္ဘာအနှံ့က McDonald’sဆိုင်တွေကနေ ပို့နေကျ အမယ်တွေကိုတော့ မှာယူလို့ရမှာဖြစ်ပြီး လူစားသုံးမှုနည်းတဲ့ အချို့ကိုသာဖြုတ်ချသွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း လူကြိုက်များတာတွေ၊ တောင်းဆိုတာတွေရှိတဲ့ အစားအသောက်တွေကို ဖြည့်စွက်တာ၊ လူမကြိုက်တဲ့ အမယ်တွေကို ဖြုတ်ချတာမျိုး တွေ လုပ်သွားမယ်လို့ McDonald’sရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယာအေဘိတ်ခ်က ပြောပါတယ်။

ကုမ္ပဏီမှာတာဝန်ထမ်းနေတဲ့ ညဘက်ပို့ဆောင်သူတွေကို လခအပြင် အပိုကြေးဖြည့်စွက်ပေးလေ့ရှိပြီး ဝန်ထမ်းတွေကိုလည်း ထပ်မံခေါ်ယူသွားဦးမှာဖြစ်တယ်လို့ အန်ဒရီယာက ပြောထားပါသေးတယ်။

ညသန်းခေါင်ယံပို့ဆောင်မဲ့ အမယ်တွေမှာ လူကြိုက်အနည်းဆုံးဖြစ်တဲ့ ငါးအသားချောင်းကြော်၊ ဟင်းရွက်သုတ်၊ နဲ့ နို့ထောပတ်ဒိန်ချဉ်ပေါင်းတွေကိုေတာ့ နောက်ထပ်မှာယူလို့ ရတော့မှာမဟုတ်ပါဘူး။ အဲဒီအစား လူကြိုက်များ တဲ့ ဘာဂါကို အမယ်အသစ် နှစ်မျိုးတိုးပြီးထပ်ထုတ်ထားတယ်လို့ သိရပါတယ်။

ညသန်းခေါင်ဝန်ဆောင်မှုကို ည၉နာရီကနေ မနက် ၅နာရီထိ ဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို ၂၀၁၃ခုနှစ်ကနေစတင်ခဲ့ပြီး စတင်လုပ်ကိုင်စဉ်က ဆိုင်မှာရောင်းချသမျှ အစားအသောက်အမျိုးအစားအကုန်လုံးကို မှာယူလို့ရခဲ့ပါတယ်။ အခုလို ဟင်းအမယ် လျှော့ချမှာဟာ ဝန်ဆောင်မှုသက်တမ်း ၆နှစ်အတွင်း ပထမဦးဆုံးလည်း ဖြစ်ပါတယ်။

 

Ref: CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်