လင်းယုန် စီမံချက် နှစ်လကျော်ကာလအတွင်း စည်းကမ်းပျက်ယာဉ် အမှု၂၄,၀၀၀ နီးပါးဖမ်းမိ

35

မော်လမြိုင် ဧပြီ ၉

ရက် ၁၀၀ လင်းယုန် စီမံချက်ကို မွန်ပြည်နယ်တစ်ဝန်းတွင် ဇန်နဝါရီ ၁၅ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ မတ် ၃၁ ရက်ထိ နှစ်လခွဲကျော်ကာလအတွင်း စည်းကမ်းပျက်ယာဉ် အရေးယူမှု ပေါင်း၂၃,၇၈၈ မှု ဖမ်းဆီးရမိထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မော်လမြိုင်တွင် ၈,၃၁၀ မှု၊ ချောင်းဆုံတွင် ၁,၀၈၃ မှု၊ ကျိုက်မရောတွင် ၁,၂၀၈ မှု၊ မုဒုံတွင် ၁,၅၀၄ မှု၊ သံဖြူဇရပ်တွင် ၁,၄၉၉ မှု ၊ ရေးမြို့တွင် ၁,၆၁၈ မှု၊ ကျိုက်ထိုတွင် ၃,၁၄၅ မှု၊ ဘီးလင်းတွင် ၁,၄၁၈ မှု၊ သထုံတွင် ၂,၄၆၈ မှု၊ ပေါင်မြို့တွင် ၁,၅၃၅ မှု၊ ပေါင်း ၂,၃၇၈၈ မှုထိရှိခဲ့သည်။

“အဓိကကတော့ စည်းကမ်း တကျလေးနဲ့ သွားစေချင်တယ်၊ ဆိုလိုတာက ဦးထုပ်ဆောင်းလာပြီးတော့မှ စည်းကမ်းတကျမောင်းနှင်မယ်၊ လမ်းကြောကအစ သိဖို့လိုတာပေါ့။ ကားလမ်းပေါ်တက်လာရင် လမ်းကြောင်းမသိဘဲနဲ့တော့ လိုင်စင်တစ်ခု ရထားတဲ့ ဟာမျိုးတွေရှိမှာပေါ့၊ ဒါကိုလည်း ကညန ဘက်ကနေ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ ပြောထားပြီးသားဖြစ်ပါတယ်”ဟု ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

လင်းယုန်စီမံချက်သည် ယခုနှစ် မဟာသင်္ကြန်ကာလတွင်လည်း ရပ်နားမည်မဟုတ်ဘဲ စည်ကမ်းပျက်ယာဉ်များကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်