မော်လမြိုင် ကမ်းနားလမ်းကို မဟာသင်္ကြန်ပွဲတော်ကာလ၌ တစ်လမ်းမောင်း စနစ်ဖြင့် ဆောင်ရွက်သွားမည်

44

မော်လမြိုင်၊ ဧပြီ ၁၁

မော်လမြိုင်ကမ်းနားလမ်းကို ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကာလ ဧပြီ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ယာယီတစ်လမ်းမောင်း စနစ်ပြုလုပ်သွားပါမည်ဖြစ်ကြောင်း အမှတ် ၁၂ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဒီကနေ့ အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျဖြစ်စေဖို့နဲ့ ယာဉ်တွေ ပိတ်ဆို့မှု မဖြစ်စေရေးအတွက် လုပ်ဆောင်တာဖြစ်တယ်” ဟု ရဲမှူး ကျော်သူက ပြောသည်။

ယာယီတစ်လမ်းမောင်းစနစ်ကို အောက်လမ်းမကြီးနှင့် ကမ်းနားလမ်းဆုံ(အတ္တရံဟိုတယ်ကွေ့)မှ စ၍ ကမ်းနားလမ်းနှင့် သိပ္ပံလမ်းဆုံ မီးပွိုင့်အထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်