ဥရောပနဲ့ မြောက်အမေရိကကို ရှစ်ရက်တာ ခြေဆန့်တော့မဲ့ ဂျပန်

တိုကျို၊ ဧပြီ ၂၃

ဂျီ -၂၀ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကုန်သွယ်ရေးတိုးတက်အောင်လုပ်ဆောင်ရန် ဥရောပနှင့် မြောက်အမေရိကကို ရှစ်ရက်တာခရီးသွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က ကြေညာသည်။

ခရီးစဉ်ကို ဧပြီလ ၂၂ရက်နေ့တွင် စတင်ကာ ဧပြီလ ၂၉ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် တရုတ်၏ ဥရောပတိုက်တွင် ချဲ့ထွင်မည့် ပိုးလမ်းမ စီမံကိန်းနှင့် ပတ်သတ်ပြီး ဆက်ဆံရေး မပြေလည်မှုများရှိခဲ့ရာမှ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ခရီးစဉ်ကိုစတင်ရန်ဆုံးဖြတ်ခြဲ့ခင်း ဖြစ်သည်။

“အခြားနိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ အရေးကြီး ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ဆွေးနွေးပြီး ထိပ်သီး အစည်းအဝေးအောင်မြင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ခြောက်နိုင်ငံခရီးစဉ် မထွက်ခွာမီ တိုကျိုမြို့တော်ရှိ ဟာနီဒါလေဆိပ်၌ ရှင်ဇိုအာဘေးက သတင်းထောက်များသို့ ပြောကြားသည်။

ဂျပန်နိုင်ငံက ဂျီ-၂၀ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း အဓိကပြဿနာတစ်ခုမှာ ကမ္ဘာ့စီးပွားရေးအခြေအနေဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကြားအရှိန်မြှင့်လာေသာ ကုန်သွယ်ရေးပွတ်တိုက်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှု အတွက် ခြိမ်းခြောက်မှုကို ထင်ဟပ်စေကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

ဝန်ကြီးချုပ်သည် ပြင်သစ်နိုင်ငံသို့ ပထမဦးဆုံးသွားရောက်မည်ဖြစ်ပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မေခရွန်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။  ထို့ပြင် အီတလီ ဝန်ကြီးချု့် နျင့် တွေ့ဆုံကာ အင်ဒို ပစိဖိတ်ဒေသ ပေါ်ပေါက်ရေးအတွက် အကူအညီတောင်းခံမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဆိုသည်။

အီတလီနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကို လက်မှတ်ရေးထိုးသည့် ပထမဆုံး သော ဂျီ-၇ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

ဆွေးနွေးဖွယ်ရှိသည်။ ထို့နောက် ရှင်ဇိုအာဘေးသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လက်နက်ဖျက်သိမ်းရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုရန် ဧပြီ ၂၆ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံမည် ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် ကုန်သွယ်ရေးခေါင်းစဉ်ဖြင့် စတင်ခဲ့သော်လည်း ဂျပန်နိုင်ငံအနေနှင့် တရုတ်ကဲ့သို့သော အင်အားကြီးနိုင်ငံကို ယှဉ်ပြိုင်ရန် ဥရောပနိုင်ငံများအကူအညီရယူမည့် ရည်ရွယ်ချက်လည်း ရှိနိုင်ကြောင်း လေ့လာသူတို့က ပြောသည်။

Ref: NHK

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်