ကော့သောင်းတွင် ခြောက်လအထက် ကြန့်ကြာ အမှုကျန် များနေ

ထားဝယ် ဧပြီ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်တွင် တရားစွဲဆိုသည့်အမှုများအနက် ၆လအထက်ကြန့်ကြာသည့် အမှုများကြောင်း တိုင်းဒေသကြီးဥပဒေချုပ်ဦးစိုးမြင့်က ပြောသည်။

“၆လအထက်ကြန့်ကြာတဲ့အမှုတွေ ကော့သောင်းမြို့နယ် မှာတော်တော်ကျန်ရှိပါတယ်၊ ပြီးခဲ့တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ မှာ ၉၀ ဝန်းကျင်လောက်ရှိတယ်၊ အခုကာလမှာတော့ ၅၀ ဝန်းကျင်လောက်ပဲ ကျန်ပါတော့တယ်၊ ကော့သောင်းခရိုင် မှာနည်းနည်း များတယ်”ဟု ဦးစိုးမြင့်ကဆိုသည်။

ဧပြီလ ၁၁ရက်နေ့က ပြုလုပ်သော နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယင်းသို့ ဆိုခဲ့သည်။

ယင်းကိစ္စကို အဖြေရှာ၍ ဆောင်ရွက်လျက်ရှိပြီးအများဆုံးတွေ့ ရသည်မှာတရားလိုပြသက်သေ မလာခြင်းဖြစ်၍တရားလို ပြသက်သေမလာလျှင် လာအောင်မည်သို့ညှိနှိုင်းထားသည်ကို အစီအရင်ခံပေးရန် မှာကြားထားကြောင်း၎င်းက ပြောသည်။

တိုင်းအတွင်းမှုခင်းစစ်ဆေးချိန်ကြီးမားသည့်အခက်အခဲ မရှိဘဲတရားစွဲအဖွဲ့အစည်းများနှင့်လည်း အမြဲပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

မြန်မာနိင်ငံရဲတပ်ဖွဲ့တွင်အခြားတာဝန်များရှိနေသည့်အ ကြားမှ တရားရုံးသို့လာရောက်၍ သက်သေခံရန်၊ တရား စွဲတင်ပြီးနောက် တရားရုံး၊ ဥပဒေနှင့်ဆက်စပ်ပြီး ဆောင် ရွက်ပေးရန်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု သိ ရသည်။

တိုင်းဒေသကြီးအတွင်း အမှုများကို စစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေရန် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားရုံးက အမှုနှင့်သက် ဆိုင်သူအားလုံးနှင့်အတူပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ရန် Pilot Project ဖြင့်မူခင်းစီမံခန့် ခွဲမှုအစီအစဉ်(Case Maagemet Progra m -CMP ) ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ် တရားရုံးတို့တွင် ဖော်ဆောင်လျက်ရှိသည်။

ယင်းစီမံကိန်းရှိသော ဒေသနှင့် စီမံကိန်းမရှိသောဒေသ တို့ နှိုင်းယှဉ်လျှင် သိသာပြီးကြန့်ကြာနေသော အမှုများနင့်ပတ် သက်၍ညွန်ကြားလိုက်လျှင် CMP ရှိသော ထားဝယ်တွင် ပီပြင်စွာဆောင်ရွက်သွားသည်ကိုတွေ့ရှိရသည်ဟု တိုင်းဒေ သကြီးဥပဒေချုပ်က မှတ်ချက်ပြုသည်။

မှုခင်းကျဆင်းရေးနှင့် အမှန်တရားရရှိရန် အမှုမှန်မှန်နှင့်မြန် မြန်ပြီးရန်အတွက် မူခင်းဆိုင်ရာနှင့်ပတ်သက်၍ ဥပဒေအ ထောက်အကူပြုအဖွဲ့၊ တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ စသော အဖွဲ့များကလည်း တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

တင့်လွင်
==

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်