Papa John’s ပီဇာဆိုင်တွေမှာ အမဲသားကင် အမယ်သစ် စတင် ရောင်းချတော့မည်

ကယ်လီဖိုးနီးယား မေ ၈

အမေရိကန်အခြေစိုက် နာမည်ကျော် ပီဇာကုမ္ပဏီ Papa John’s ပိုင်ရှင် ဂျွန်စကန်တာက သူရဲ့ ကုမ္ပဏီက ဖွင့်ထားတဲ့ ပီဇာဆိုင်ခွဲတွေမှာ အမဲသားကင်ကို စတင်ရောင်းချဖို့လုပ်ဆောင်နေတယ်လို့ မေလ ၇ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

စကန်တာရဲ့ ထုတ်ပြန်ချက်အရ သူရဲ့ ငွေကြေးဆိုင်ရာ စီးပွားရေးအကြံပေးတွေက အမယ်သစ်တစ်မျိုးကို ပီဇာဆိုင်တွေမှာ ရောင်းချဖို့ အကြံပေးခဲ့ရာက သူအကြိုက်ဆုံးနဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ အမဲသားကင်ကို ရောင်းချဖို့ အကြံရခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ အမဲသားကင် အမယ်အသစ်ကို စမ်းသပ်လုပ်ဆောင်ပြီး တစ်ရက်တာရောင်းချခဲ့ရာမှာ ရောင်းအားက ထင်ထားတာထက် ၂၄ရာခိုင်နှုန်းပိုရခဲ့တာကြောင့် အမဲသားကင်ကို တရားဝင် ထုတ်လုပ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Papa John’sဟာ လက်ရှိမှာ အမေရိကန်ဒေါ်လာ ၃၈၅ဒသမ၅သန်းဝင်ငွေရှိနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဆယ်လခန့်က ပိုင်ရှင် စကန်တာဟာ ပီဇာဆိုင်ခွဲတွေကို တိတ်တဆိတ်လေ့လာခဲ့ပြီး ဆိုင်ခွဲတွေမှာ အမယ်သစ်တွေမရှိတာကြောင့် စိတ်ဝင်စားမှုလျော့ကျနေတယ်လို့ ရလဒ်ထွက်လာတာကြောင့် ယခုလို့ အမယ်သစ်ကို အပူတပြင်း ထုတ်လုပ်ဖို့လုပ်ဆောင်ရတာပဲဖြစ်ပါတယ်။

ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဆယ်လတာအတွင်းက ရောင်းအား တစ် ရာခိုင်နှုန်းလျော့ကျခဲ့ပေမဲ့ အမေရိကန်နိုင်ငံအတွင်းမှာတော့ ထိပ်တန်း ပီဇာကုမ္ပဏီအဖြစ် ရပ်တည်ဆဲဖြစ်ပါတယ်။

Papa John’sကုမ္ပဏီဟာ စကန်တာမိသားစုရဲ့ တက္ကဆက်စ်မြို့က ပီဇာဆိုင်ငယ်လေးကနေတစ်ဆင့် တစ်ဖြည်းဖြည်းဆိုင်ခွဲတွေဖွင့်ကာအောင်မြင်လာပြီး အမေရိကန်နိုင်ငံကျော် ပီဇာကုမ္ပဏီကြီးအဖြစ် နေရာရ ရပ်တည်လာနိုင်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဆိုင်ခွဲပေါင်း ၂၅၀၀ကျော်ရှိပြီး ပီဇာအမယ်စုံကိုရောင်းချတာကြောင့် ကျော်ကြားခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းဝန်ဆောင်မှုတွေဖြစ်တဲ့ အမေဇုံကနေလည်း မှာယူဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Ref: CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်