ကျိုက်ထီးရိုး အမှိုက်ဖျက်ဆီးစက် ကုန်ကျငွေတစ်ဝက်ကို ဂေါပကအဖွဲ့ရန်ပုံငွေမှခွဲယူသုံးစွဲ

မော်လမြိုင် ၊ မေ ၉

ပြည်နယ်အစိုးရ ဘက်ဂျက် ငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော် မှ အမှိုက်ဖျက်ဆီး စက် ကုန်ကျငွေ တစ်ဝက်ကို ကျိုက်ထီးရိုး စေတီဂါပကအဖွဲ့ ရန်ပုံငွေမှ ကုမ္ပဏီသို့ ပေးချေ ခဲ့ကြောင်း မေလ ၇ ရက်ကပြုလုပ်တဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး မှာ ဆွေးနွေးပြောကြားခဲ့ကြသည်။

လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ဖြစ်သည့် ငွေကျပ် ၂၄၂ သန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေခဲ့ပြီး ကျန်တစ်ဝက်ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်း ငွေကျပ် ၂၄၂ သန်းကို ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဘဏ္ဍာရန်ပုံငွေမှကုမ္ပဏီသို့ ပေးချေ ရန်ညှိနှိုင်းသဘောတူညီခဲ့ကြောင်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကပြောပါတယ်။

ယင်းကိစ္စဟနှင့်ပတ်သက်ပြီး ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မေလ ၇ ရက်နေ့တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေး တွင် မေးမြန်းခဲ့ခြင်းဖြစ် သည်။

၂၀၁၈ ခုနှစ်က ငွေလုံးငွေရင်း ကျပ်သန်း ၄၀၀ နှင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် အမှိုက်ဖျက် ဆီးစက် တစ်လုံး နှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ရေး ထားမှုအခြေအနေကို သိရှိလိုကြောင်း ဒေါက်တာအောင်နိုင်ဦး ကမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သြဝါဒစရိယ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် လေသာဆရာတော်တင်ပြစာတွင်မှု လုပ်ငန်းမစတင်မှီး ကာလမှာ အစိုးရဘဏ္ဍာငွေဖြင့်သာ သုံးစွဲမည်ဟု လျောက်ထားခဲ့ပြီး စက်ရုံတည်ဆောက်မှု အပြီးသတ်ခါနီးတွင် ကုန်ကျငွေတစ်ဝက်ကို ဘုရားဘဏ္ဍာငွေမှ ရယူသုံးစွဲခြင်းကို သဘောမတူသဖြင့် ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ပေးပိုခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦး ကပြောကြားခဲ့သည်။

ကုန်ကျငွေတစ်ဝက်ကို ဘုရားဘဏ္ဍာတော်ငွေမှ ရယူသုံးစွဲခြင်းမှာ မည့်သည့်လုပ်ပိုင်ခွင့် မည်သို့သောလုပ်ထုံး လုပ်နည်းနဲ့ ဆောင်ရွက်ခဲ့သည်ကို ၎င်းကထက်ဆင့်မေးမြန်းခဲ့သည်။

ထက်ဆင့်မေးခွန်းနှင့် ပက်သတ်ပြီး ဝန်ကြီးက မေးခွန်း၏နောက်မှာ ရည်ရွယ်ချက်များရှိနေသည်ကို သုံးသပ်မိသောကြောင့် လွှတ်တော်သည် တရားစီရင်ရေးဌာနမဟုတ်တဲ့အတွက် မေးခွန်းကို စာဖြင့် ၁၀ ရက်အတွင်း ဖြေကြားခွင့်ပြုရန် ဝန်ကြီးက ပြန်လည်တင်ပြခဲ့ပါတယ်။

Leave a Reply