Advertisements

ဆွစ်ဇာလန်တွင် 5Gကွန်ရက် ဝန်ဆောင်မှု ပေးတော့မယ့် ဟွာဝေး

ဆွစ်ဇာလန် မေ ၉

ဆွစ်ဇာလန်နိုင်ငံရှိ 5G ကနဦး သုံးစွဲသူများအတွက် Fixed Wireless Access (FWA) ဝန်ဆောင်မှုကို ပံ့ပိုးပေးရန် Surise မှကြေညာခဲ့သည်။ ဟွာဝေးနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းမှာ 5G ကဏ္ဍတွင် Sunrise ၏ မှတ်တိုင်အသစ်တစ်ခုဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် အလယ်ပိုင်းမှစတင်ကာ ဟွာဝေးနှင့် Suriseတို့ပူးပေါင်းကာ စီးပွားရေးအရ အင်တာနက်သုံးစွဲမှုများအတွက်လည်း 5G FWAဝန်ဆောင်မှုများကို ပေးသွားရန်အစီအစဉ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Sunrise ၏ 5G FWA ဝန်ဆောင်မှုကိုအသုံးပြုခြင်းဖြင့် မိသားစုများ ၊အသေးစားနှင့် အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများကို ရရှိအသုံးပြုနိုင်မည် ဖြစ်ပြီး ဖိုင်ဘာချိတ်ဆက်မှု အားဖြင့် အဟန့်အတားအနှောက်အယှက်မရှိဘဲ ဒစ်ဂျစ်တယ် ခေတ်သို့ ဝင်ရောက်နိုင်မည်လည်းဖြစ်သည်။

Advertisements

ဟွာဝေး၏ 5Gဝန်ဆောင်မှုသည် ဒေတာအချက်အလက်ပိတ်ဆို့မှုများ လျင်မြန်စွာ မြှင့်တက်လာခြင်းနှင့် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဒစ်ဂျစ်တယ် ခွဲခြားမှုများအတွက် အဓိကထားလုပ်ဆောင်ထားကြောင်း သိရသည်။

ထို့ပြင် 5G Fixed Wireless Access (FWA) ၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ တန်ဖိုးများကို အသိအမှတ်ပြု ခြင်းအားဖြင့် “သုံးစွဲသူများအတွက် အကောင်းဆုံး မိုဘိုင်းအော်ပရေတာ ဝန်ဆောင်မှု” GSMA ဆုကို 2019 Mobile World Congress တွင် Huawe နှင့် Sunrise တို့ ပူးတွဲရရှိခဲ့သည်။

Sunrise ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Olaf Swantee မှ “ Huawei ရဲ့ ဆန်းသစ်တဲ့ 5G solution နှင့် ကမ္ဘာလုံးဆိုင်ရာ 5G အသုံးချ အတွေအကြုံတွေကြောင့် သုံးစွဲသူတွေအတွက် အကောင်းဆုံး သုံးစွဲမှု အတွေ့အကြုံတွေပံ့ပိုးပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ၎င်းအားဖြင့် ကျွန်တော်တို့က ဆွစ်ဇာလန်နိုင်ငံမှာ နံပါတ် ၁ 5G ပံ့ပိုးသူအဖြစ် ရပ်တည်နိုင်မှာပါ” ဟုပြောကြားခဲ့သည်။

Huawei ၏ 5G ထုတ်ကုန် ဆိုင်ရာဉက္ကဌဖြစ်သူ Yang Chaobin မှ “ ကမ္ဘာလုံးဆိုင်ရာ 5G စီးပွားဖြစ်အသုံးချမှုကို ၂၀၁၉ မှာ စတင်မှာပါ။ Huawei က စွမ်းအားအကောင်းဆုံး၊ အရိုးရှင်းဆုံး နဲ့ အသိဉာဏ်မြင့်ဆုံး 5G ကွန်ရက် နည်းပညာကို တီထွင်ခဲ့ပြီးဖြစ်ပါတယ်။ Sunrise နဲ့ ကမ္ဘာတစ်ဝန်းရှိ အခြားမဟာမိတ်ဖက်များအနေနဲ့ ပိုမိုမြန်ဆန်သော၊ နှောက်နှေးမှု နည်းသော၊ ပိုမိုလုံခြုံစိတ်ချရတဲ့ ချိတ်ဆက်မှုတွေရှိတဲ့ 5G ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်တော်တို့က ဆက်လက်ပံ့ပိုးပေးသွားမှာပါ” ဟုပြောသည်။

Ref: Bankgok Post

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်