HIV ကာကွယ်ဆေး လှူဒါန်းဖို့ အိမ်ဖြူတော်နဲ့သဘောတူခဲ့တဲ့ အမေရိကန် ဆေးသိပ္ပံအဖွဲ့

24

ဝါရှင်တန် မေ ၁၃

နာမည်ကျော် အမေရိကန်ဆေးသိပ္ပံအဖွဲ့ Gilead ဟာ HIVကူးစက်မှုကို ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးတွေကို လှူဒါန်းဖို့အတွက် သမ္မတထရန့်နဲ့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုပါတယ်။

သဘောတူညီချက်အရ တစ်နှစ်ကို လူပေါင်း ၂သိန်းစာဆေးတွေကိုလှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

Gaileadဆေးဝါးသိပ္ပံအဖွဲ့နဲ့ သမ္မတထရန့်အကြားသဘောတူညီမှုအရ 2025ခုနှစ်ကနေ 2030ခုနှစ်အထိ ဆေးတွေကို လှူဒါန်းမှာဖြစ်တယ်လို့ အမေရိကန်ကျန်းမာရေးနှင့် ဆေးဝါးထောက်ပံ့မှုဌာနမှ အကြံပေး အဲလက်စ်အဲလ်ဇာကပြောပါတယ်။

Gileadဟာ ယခင်ကလည်း အခြားကာကွယ်ဆေးတွေကိုလှူဒါန်းခဲ့ဖူးပေမဲ့ HIVကာကွယ်ဆေးကို လှူဒါန်းတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဆေးဝါးတွေဟာ လူတစ်ယောက်အတွက် တစ်လစာ အမေရိကန်ဒေါ်လာ ၁၆၀၀မှ ၂၀၀၀အထိကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆေးဝါးလှူဒါန်းတဲ့သဘောတူညီချက်ဟာ အမေရိကန်နိုင်ငံရဲ့ HIVပပျောက်ရေးပန်းတိုင်ကို အရောက် ပို့ပေးနိုင်မှာဖြစ်တယ်လို့ သမ္မတထရန့်က တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

သမ္မတထရန့်ဟာ သူမဲဆွယ်စဉ်ကတည်းက အမေရိကန်ပြည်နယ်ကို HIV ပပျောက်ဖို့အရေး ကြိုးစားမယ်လို့ ထည့်သွင်းပြောကြားခဲ့ဖူးပြီး အခုဆေးဝါးလှူဒါန်းမှု သဘောတူညီဟာလည်း သူ့ရဲ့ မဲဆွယ်စဉ်က ကတိအတိုင်း ဖြစ်လာတယ်လို့ လေ့လာသူတွေကပြောပါတယ်။

UNရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ ကမ္ဘာပေါ်မှာHIVကူးစက်ခံရသူ လူပေါင်း ၃၆ သန်းကျော်ရှိနေပြီး ၂၁ သန်းကျော်ဟာ ဆေးဝါးထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။

Gileadရဲ့ လှူဒါန်းမှုဟာ အမေရိကန်ပြည်သူတွေကို အကျိုးဖြစ်စေရုံမျှမက ရှယ်ယာတွေကို စျေးတက်စေတာကြောင့် အဖွဲ့အစည်းရဲ့အကျိုးအမြတ်ကိုလည်း ရခဲ့တယ်လို့ သိရပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် Gileadဆေးသိပ္ပံအဖွဲ့ဟာ HIVဆေးဝါးတွေကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၆၀၀ ဖိုး လှူဒါန်းတော့မှာပဲ ဖြစ်ပါတယ်။

Ref: CNBC

Advertisements

Leave a Reply