အပြန်အလှန်ထိန်းကျောင်းမှုကို သဘောထားကြီးရန်လို

61

မွန်ပြည်နယ် အစိုးရ အဖွဲ့က မေလ ၉ ရက်နေ့တွင် လွှတ်တော်ထံစာတစ်စောင်ပေးပို့ခဲ့သည်ဟုဆိုသည်။ ယင်းပေးစာ မှာ ဒေါက်တာအောင်နိုင်ဦးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်နေသည့် အတွက် မေးခွန်းများ မေးမြန်းရန်မသင့်လျော်ကြောင်း ပေးပို့သည် စာဖြစ်သည်။

မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ သည် တတိယအကြိမ်မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်း အဝေး ကျင်းပနေစဉ်အတွင်းပြည်နယ်ရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အကြောင်းမေးခွန်းများမေးမြန်းခဲ့သည့် အပြင် ပြည်နယ်အစိုးရ၏ ဖြေကြားချက်တချို့မှာလည်း ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်းထောက်ပြခဲ့သူ ဖြစ်သည်။

မွန်ပြည်နယ်အစိုးရ အဖွဲ့ အဆိုပါ စာပေးပို့ မှုကိုပြန်လည် ရုပ်သိမ်းခဲ့သည်ဟုဆိုသော်လည်း ယင်းသို့ လုပ်ဆောင်ခြင်းမှာမှု ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦး ၊ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တစ်ဦး ၏အပြန် အလှန်ထိန်းကျောင်းမှုကို အစိုးရအဖွဲ့ အနေနှင့်ကန့်သတ်လိုခြင်းလောဟု မေးခွန်းထုတ် စရာဖြစ်လာသည်။

ဒီမိုကရေစနစ် ၏ အနှစ်သာရများထဲက အချက်တစ်ချက်သည်ကား အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး ၊ တရားစီရေး စသည့် မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန်ထိန်းကျောင်းရမည်ဆိုသောအချက်ဖြစ်သည်။

လွှတ်လပ်သော ရွေးကောက်ပွဲ များကနေ ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်တစ်ဦး၏ အပြန်အလှန်ထိန်းကျောင်းမှု ကို ကန့်သတ်ခြင်းသည်ကား သီးခြားရပ်တည်နေသော မဏ္ဍိုင်အချင်းချင်း မလေးစားရာရောက်သည်ဟု ရှုမြင်မိသည်။

ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကား ရန် အားယူစပြုနေသော မြန်မာနိုင်ငံတွင်ကား ဒီမိုကရေစီ စနစ်ပိုမိုခိုင်မြဲရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် မဏ္ဍိုင် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှု ကို လက်ကမ်းကြိုဆိုပြီး သဘောထားကြီးရန်လိုအပ် ကြောင်းတိုက် တွန်းလိုက်ရပါသည်။

အယ်ဒီတာ

Advertisements

Leave a Reply