ကုန်သွယ်ရေးပဋိပက္ခအရေး ညှိနှိုင်းရန် တရုတ် ဒုတိယဝန်ကြီးချုပ် အမေရိကန် ရောက်ရှိ

ဝါရှင်တန် မေ

တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံကြားမှာဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးနဲ့ပတ်သတ်တဲ့ ပဋိပက္ခနဲ့ အငြင်းပွားမှုတွေ ကိုဆွေးနွေးဖို့ တရုတ်ဒုတိယဝန်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံကို မေလ ၉ရက်နေ့မှာ လာရောက်ခဲ့ပါတယ်။

တရုတ်နဲ့အမေရိကန်တွေ့ဆုံဆွေးနွေးခဲ့တာ ယခုအကြိမ်နဲ့ပါဆိုရင် ၁၁ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲလို့ခေါ်တဲ့ နှစ်နိုင်ငံအကြားကုန်သွယ်ရေးတင်းမာမှုဟာ ၂၀၁၈ခုနှစ် နှစ်လယ်လောက်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်အခြေစိုက် ဟွာဝေးကုမ္ပဏီကို တရုတ်နိုင်ငံရဲ့ စပိုင်အဖြစ် စွပ်စွဲပြီး အမေရိကန်မှာစီးပွားရေးလုပ်ဆောင် ခွင့်တွေ တားမြစ်ပြီးနောက်ပိုင်းမှာ ကုန်သွယ်ရေးတင်းမာမှုတွေဟာ ပိုမိုပြင်းထန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်ပို့ကုန်တွေကို အခွန်နှစ်ဆကောက်ဖို့ အမိန့်ချခဲ့ပြီး ကုန်သွယ်ရေးအငြင်းပွားမှုတွေကိုစိန်ခေါ်ခဲ့ပါသေးတယ်။

ယခု တရုတ်ဒုတိယဝန်ကြီး လျူဟဲကတော့ လက်ရှိအခြေအနေတွေအပေါ်မှာ အမေရိကန်နဲ့ နားလည်မှုယူပြီး စီးပွားရေး အကျိုးတူ ပူးပေါင်းဖို့ မျှော်လင့်ချက်နဲ့ လာခဲ့တယ်လို့ မီဒီယာတွေကို ပြောပါတယ်။

လျူဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးမှုအတွက် တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲလည်း ဖြစ်ပါတယ်။

သွင်းကုန်တွေကို အခွန်မြှင့်တာဟာ ပြသနာဖြေရှင်းရာမရောက်ပဲ နှစ်နိုင်ငံအကြား အမြင်မကြည်လင်မှု တိုးပွားစေပြီး ကမ္ဘာ့စီးပွားရေးစျေးကွက်အပေါ် အန္တရာယ်ရှိနိုင်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

တွေ့ဆုံပွဲကို သုံးရက်တိုင်တိုင်ကျင်းပမှာဖြစ်ပြီး ဒီတစ်ကြိမ်ညှိနှိုင်းမှုအောင်မြင်ရင်တော့ တရုတ်ပို့ကုန်တွေကို ယခင်အတိုင်း အမေရိကန်ဘက်တင်သွင်းမှာဖြစ်ပြီး လက်ရှိမှာတော့ လျှော့ချထားတယ်လို့ ပြောပါတယ်။

Ref: Xinhua

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်