ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်ဖက်ရှင်တံဆိပ် ထုတ်လုပ်လိုက်တဲ့ ရီဟာနား

နယူးယောက် မေ

ကမ္ဘာကျော် နာမည်ကြီး လူမဲ ပေါ့ပ် အဆိုတော် ရီဟာနားဟာ တန်ဖိုးကြီးဒီဇိုင်းတွေကိုသာ သီးသန့်ထုတ်လုပ်တဲ့ ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုနဲ့ ပူး​ပေါင်းပြီးတော့ သူမရဲ့ ကိုယ်ပိုင်ဖက်ရှင်တံဆိပ်အသစ်ကို ထုတ်ဝေလိုက်ပါတယ်။

ဖက်ရှင်တံဆိပ်သစ်နဲ့ပတ်သက်ပြီး မေလ ၁၀ရက်နေ့က ပရိတ်သတ်တွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ရီဟားနားပူးပေါင်းလိုက်တဲ့ဖက်ရှင်ကုမ္ပဏီကြီးကတော့ LVMHလို့ခေါ်တဲ့ တန်ဖိုးကြီးအဝတ်အထည်နဲ့ဒီဇိုင်းတွေ ကို သီးသန့်ရောင်းချတဲ့ကုမ္ပဏီကြီး ဖြစ်ပါတယ်။

ဒီဇိုင်းအသစ်အတွက် ရီဟာနားနဲ့ Louis Vuittonပိုင်ရှင် ပြစ်သစ်လူမျိုးသူဌေးတို့က ပူးပေါင်းပြီး ဖြန့်ဝေမှာဖြစ်တယ်လို့ ရီဟာနားက သူမရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ကြေညာထားပါသေးတယ်။

Advertisements

ဖက်ရှင်တံဆိပ်အသစ်ရဲ့ နာမည်အပြည့်အစုံကိုတော့ ရိုဘန် ရီဟားနား ဖန်တီလို့ နာမည်ပေးထားပြီး လူမည်းအမျိုးသမီးတွေအတွက် ဦးစားပေးဖက်ရှင်ဒီဇိုင်းတွေကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒီဖက်ရှင်တံဆိပ်ကို ဖြန့်ဝေတဲ့ကုမ္ပဏီဟာ အခြားကမ္ဘာကျော်တံဆိပ်တွေဖြစ်တဲ့ Givenchy Dior အစရှိတဲ့ တံဆိပ်တွကိုလည်း အလားတူဖြန့်ချိနေတာဖြစ်ပါတယ်။

ဖက်ရှင်တံဆိပ်အသစ်ကို ရီဟားနားရဲ့ မျိုးရိုးနာမည် ဖန်တီကို ထည့်သွင်းထားရတဲ့အကြောင်းက ဒီထုတ်ကုန်တွေဟာ ရီဟားနားရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်လာမှာဖြစ်တာကြောင့်ဖြစ်တယ်လို့ LVMHကုမ္ပဏီဘက်က ပြောပါတယ်။

ပထမဆုံးခြေလှမ်းအနေနဲ့ ရက်သတ္တပတ်အတွင်းမှာ ရယ်ဒီမိတ်အဝတ်တွေ၊ ဖိနပ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ အရင်ဆုံး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အခြေပြုပြီးဖြန့်ချိသွားမယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်အဝတ်အစားဒီဇိုင်းတွေကို အချိန်ဇယားအတိုင်း တစ်ခုပြီးတစ်ခု ထုတ်လုပ်မှာဖြစ်ပြီး ဒီဇိုင်းအကုန်လုံးကို အကန့်သတ်နဲ့သာ ထုတ်မယ်လို့ သိရပါတယ်။

ရီဟားနားကို အံ့အားသင့်ဖွယ်အဆိုတော်တစ်ယောက်အနေနဲ့သာ ပရိသတ်တွေက သိကြပေမဲ့ သူမက တကယ့်ကို စွန့်ဦးလုပ်ငန်းရှင်ဖြစ်တယ်ဆိုတာ သူမနဲ့လက်တွဲလုပ်ကိုင်ကြည့်ရင်း သိခဲ့ရတယ်လို့ LVMHရဲ့ အမှုဆောင်ဒါရိုက်တာ ဘာနာအာနက်ခ်က ပြောပါတယ်။

ရီဟားနားကတော့ LVMHကနေတစ်ဆင့်ထုတ်မဲ့ဒီဇိုင်းတွေဟာ ဝတ်ဆင်မဲ့သူတွေကို အံ့သြသင့်စရာကောင်းလောက်အောင် အသွင်အပြင်ပြောင်းလဲစေမှာဖြစ်တယ်။ ဒီလို အနုပညာရှင်တစ်ယောက် အနေနဲ့ ဖက်ရှင်လုပ်ငန်းမှာ ပူးပေါင်းခွင့်ရလို့ ဝမ်းသာမိတယ် လို့ သူမက ပြောပါတယ်။

Ref: The Guardian

Advertisements
Advertisements

Leave a Reply