မော်လမြိုင် စက်မှုဇုန် ပြန်လည်အသက်သွင်းနိုင်ရေး အစိုးရအကူအညီလိုအပ်

မော်လမြိုင်စက်မှုဇုံ

မော်လမြိုင် ၊ မေ ၁၅

မော်လမြိုင် စက်မှုဇုန် ပြန်လည်အသက်သွင်းနိုင်ရေး အတွက် အစိုးရ က မှုဝါဒ ချမှတ်ပေးရန် လိုအပ်နေကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကပြောကြားသည်။

“ မူဝါဒဆိုတာက ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘယ်ဟာမျိုးကို ဦးစားပေး အနေနဲ့ ကူညီပံ့ပိုးပေးမလဲ ၊ ဘယ်လိုတွေ ဖြည့်ဆည်းပေးမလဲ အဲ့ဒါတွေရှိဖို့ လိုအပ်တယ်”ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

အစိုးရ အနေနှင့် စက်မှုဇုန်ပြန်လည် တိုးတက်ရေး အတွက်လုပ်ငန်း ရှင်များကို အကူအညီပေးရန် လိုအပ်ကြောင်း မော်လမြိုင် စက်မှုဇုန် စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့် ကလည်း တိုက်တွန်းသည်။

“လိုင်စင်တင်တဲ့ အချိန် ၊ နိုင်ငံခြား က တင်သွင်းရတဲ့ ပစ္စည်း အခါ အခက်အခဲတွေရှိလား၊ အဲ့ဒီကိစ္စ တွေကို ဝိုင်းကူပေးရင် လုပ်ငန်းရှင် တွေလုပ်မှာပဲ” ဟု ဦးအောင်ကျော်ညွန့် က တောင်းဆိုသည်။

ပြည်နယ် အစိုးရ အနေနှင့် စက်မှုဇုန် ကိုလာရောက်လေ့လာပြီး တွေ့ရှိသည့် အခက်အခဲများ ကို စုပေါင်း ဖြေရှင်း ပေးပါ က လုပ်ငန်းရှင်း များ အနေနှင့် အဆင်ပြေစွာ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ဦးအောင်ကျော် ညွှန့်က ပြောသည်။

ထို့အပြင် မြို့နယ်အလိုက် စက်မှုဇုန်များ ပြန့်ကျဲမှုမရှိစေရေး စနစ်တကျ ထားရှိရန် လိုအပ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက တိုက်တွန်းသည်။

မော်လမြိုင် စက်မှုဇုန်ကို နဝတ အစိုးရ လက်ထပ်ကတည်ဆောက်ခဲ့ပြီး လုပ်ငန်းခေါင်းစဉ် ၁၀ ခု အတွက် စက်ရုံပေါင်း ၂၅၀ ကျော်ဖြင့် လုပ်ကိုင်ခဲ့သည်။ လက်ရှိ အချိန်တွင် စက်ရုံပေါင်း ၁၄၉ရုံ ဖြင့်လုပ်ကိုင်နေသည်။

Written by ရန်လင်းအောင်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်