၂၀၀၀ ခုနှစ်နောက်ပိုင်းထုက် မော်တော်ယာဉ်များကို မွန်လိုင်စင်ပြုလုပ်ပေးမည်

148

မော်လမြိုင် ၊ မေ ၁၅

၂၀၀၀ ခုနှစ် နောက်ပိုင်းထုက် မော်တော် ဆိုင်ကယ်များကို လာမည့် ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ် လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွှေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးကပြောသည်။

လုပ်ငန်းလိုအပ်ချက်၊ ဒေသလူထုလိုအပ်ချက်နှင့် အခြားသော လိုအပ်ချက်များ ရှိနေသောကြောင့် လိုင်စင် ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို သထုံနှင့် မော်လမြိုင် မြို့တွင် စတင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ထံမှသိရှိရသည်။

“အခု ကျွန်တော်တို့ မှာ စီမံချက်တွေရှိတယ် ။ လုပ်ငန်းစဖို့ စီမံချက်ဆွဲဖို့ပဲကျန်တယ်” ဟု ဦးထွန်းဌေးက ဆိုသည်။

အဆိုပါ ကိစ္စအတွက် ပြည်ထောင်စုအစိုးရ က ခွင့်ပြုထားပြီးဖြစ်ကြောင်း လည်း မွန်ပြည်နယ် စိုက်ပျိုးမွှေးမြူရေး နှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနထံမှသိရှိရသည်။

လိုင်စင်ကြေးအတွက် ပေးသွင်းရမည့် ဒေသဈေးနှုန်းသတ်မှတ် ရန် ကော်မတီဖွဲ့စည်းထားပြီး ပထမဆုံး အစည်းအဝေးကျင်းပ ပြုလုပ်ထားသည်။

လိုင်စင်ထုတ်ပေးမည့် အစီစဉ်တွင် အင်ဂျင်ပါဝါကြီးသည့် မော်တော်ဆိုင်ကယ်များ ပါဝင်သင့်၊ မသင့် ကိုလည်း သုံးသပ်လျက်ရှိကြောင်း ဦးထွန်းဌေးကဆိုသည်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ကျင်းပခဲ့သော ဒုတတိယအကြိမ် လွှတ်တော် ၁၂ ကြိမ်မြောက်အစည်း အဝေးတွင်ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင် က လိုင်စင်မဲ့ဆိုင်ကယ်ယာဉ်များကို ထိုက်သင့်တဲ့ အခွန်နှုန်းထားဖြင့် လိုင်စင်ထုတ်ပေးရန်ရှိမရှိ မေးခွန်းမေးမြန်းခဲ့သည်။

ရန်လင်းအောင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်