Ford ဓါတ်ဆီသုံးကားများကို ကုမ္ပဏီက အခမဲ့ ပြန်လည် စစ်ဆေးပေး

ကယ်လီဖိုးနီးယား မေ ၁၅

မြောက်အမေရိကမှာ Ford ကားကုမ္ပဏီက ၂၀၁၃ ကနေ ၂၀၁၆ ထုတ် ဓါတ်ဆီသုံး ကားများကို ခေါ်ယူပြီး စက်ပိုင်းဆိုင်ရာ စစ်ဆေးပေးမှုတွေ အခမဲ့ ပြန်လည်လုပ်ဆောင်ပေးနေတယ်လို့ ကုမ္ပဏီက မေလ ၁၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ကားတွေရဲ့ ဂီယာနဲ့ အမြန်နှုန်းမောင်းနှင်တဲ့အခါ အန္တရာယ်ကင်းနိုင်ခြင်းရှိမရှိ စစ်ဆေးပြီးပြန်လည် ပြုပြင်ပေးမှုတွေလုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

၂၀၁၃ခုနှစ်ကနေ ၂၀၁၆အထိ ထုတ်လုပ်တဲ့ ဓါတ်ဆီသုံးကားတွေထဲမှာ အော်တိုဂီယာသုံးကားမော်ဒယ်လ်တွေ ဖြစ်တဲ့ Flat Rock, Michigan နဲ့ Hermosillo တို့ ပါဝင်ပါတယ်။

ကားပေါင်း ၂၇၀၀၀၀ကျော်ကို ပြန်လည်ပြင်ဆင်ပေးဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

ကားတွေမှာ ဘာပြဿနာမှမရှိပေမဲ့ ယခင်မော်ဒယ်လ်ဟောင်းတွေဖြစ်တာကြောင့် တာရှည်စိတ်ချရမှုနဲ့ ယာဉ်အန္တရာယ်မဖြစ်စေမှုတို့အတွက် အဓိကထားစစ်ဆေးလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Ford ကားကုမ္ပဏီဘက်က ပြောပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ Ford ရဲ့ အရည်အသွေးကို ထိန်းသိမ်းရာလည်းရောက်ပြီး ဝယ်ယူသူတွေရဲ့ လုံခြုံစိတ်ချမှုအတွက်လည်း စိတ်အေးရတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ ကားပေါင်း ၂၆၀၀၀၀ ကိုခေါ်ယူစစ်ဆေးပေးပြီးဖြစ်ပြီး ကနေဒါနဲ့ မက္ကစီကိုနိုင်ငံတို့မှာလည်း ကားပေါင်း ၁၀၀၀၀နဲ့ ၃၀၀၀စသဖြင့် အသီးသီး ပြန်လည်စိစစ်လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Ford ကုမ္ပဏီထုတ် ၂၀၁၉ မော်ဒယ်လ် ကုန်တင်ကားတွေကိုလည်း ဆက်လက် စစ်ဆေးပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအခြေအနေထိ ကားရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်ပွားတဲ့ မတော်တဆမှုမရှိသေးဘူးလို့ သိရပါတယ်။

Ref: CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်