လူထုတွေ့ဆုံပွဲတွင် CSOများကို ဖိတ်ကြားခြင်းမရှိဟု ဝေဖန်မှုထွက်လာပြီးနောက် ဝန်ကြီးချုပ်တောင်းပန်

38
တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်မောင်

ထားဝယ်၊ မေ ၁၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က ထားဝယ်မြို့တော်ခန်းမတွင် မေလ ၁၅ရက်နေ့က ပြုလုပ်သော ပြည်သူလူထုနှင့်တွေ့ဆုံပွဲ ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသအရေးတက်ကြွလှုပ်ရှားသူများ အား တက်ရောက်ရန် ဖိတ်ကြားခြင်းမရှိ ဟု ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီး ချုပ်ဦးမြင့်မောင်က တောင်းပန်သည်။

“ခန်းမအထဲ့မှာ လူဦးရေကန့်သတ်ချက်နဲ့ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ အချို့တွေတက်ရောက် ခွင့်မရတဲ့ အပေါ်မှာ ဒီနေရာကနေဘဲ့ တောင်းပန်လိုပါတယ်” ဟု ဦးမြင့်မောင် ကဆိုသည်။

ယင်းတွေ့ဆုံပွဲသို့ ဖိတ်ကြားသည့်သူများသာ တက်ရောက်ခွင့်ရှိခဲ့သည်ဟု မြို့တော်ခန်းမသို့ ရောက်မှသိရ ကြောင်း မောင်းမကန်ရွာမှ ဦးထွန်းကြည့်က ပြောသည်။

အချို့မှာ တွေ့ဆုံပွဲတက်ခွင့်မရသည့်အတွက် အားမလို အားမရဖြစ်နေသည်ကိုကြားသိခဲ့ရပြီး နောက်ပိုင်းတွင်လည်း
ပိုပြီးတွေ့ဆုံနိုင်အောင် ကြိူးစားဆောင် ရွက်သွားပါမည်ဖြစ်ကြောင်း၊ တွေ့ဆုံပွဲအစီအစဉ် တစ်လုံး အားနည်း ချက်များရှိလျင် မိမိ၏အားနည်းချက်ဟုခံယူကြောင်း အားနည်းချက်ရှိလျင်လည်း နားလည်ပေးရန် တောင်းပန်လိုကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ပြည်သူလူထုများနှင့် ရင်းရင်းနှီးနှီး တကယ်မြေပြင်အနေအထားဖြစ်မှန်များ အားလုံးလွတ်လွတ်လပ်လပ် ပြောခွင့်ရသည့်အနေအထားမျိုး ယင်းသို့သောအစည်းအဝေး၊တွေ့ဆုံပွဲဆိုလျင် ပိုသဘာဝကျမည်ဖြစ်ကြောင်း ထားဝယ်မြို့မှဒေသခံတစ်ဦး ဖြစ်သူ ဦးခင်မောင်သိန်းကပြောသည်။

တွေ့ဆုံပွဲတွင် တင်ပြခွင့်မရရှိလျင် စာဖြင့် မိမိဆီပေးပို့လို့ရပြီး ပေးပို့သည့်စာနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်အတွက် မိမိတို့အဆင်သင့် ရှိကြောင်းဝန်ကြီးချုပ်ဦးမြင့်မောင်က ဆိုသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် မေလ ၃ရက်နေ့က ထားဝယ်မြို့သို့လာရောက်သည့်ခရီးစဉ်အတွင်း မြို့တော်ခန်းမ၌ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပွဲတွင်လည်း သမ္မတမိန့်ခွန်းပြောပြီးချိန်တွင် သတင်းမီဒီယာများအား ခန်းမအတွင်းမှ ထွက်ပေးရန်ကန့် သတ်မှုများ တာဝန်ရှိသူများက လုပ်ဆောင်ခဲ့သည်။

တင့်လွင်

Advertisements

Leave a Reply